ဘားအံ ဒီဇင်ဘာ ၁၁

 

ကျင်းပပြီးစီးခဲ့သည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၄)နှစ် အောက်လူငယ်ဘောလုံးပြိုင်ပွဲတွင် အနိုင်ရ ဗိုလ်စွဲသွားသော အောင်ပွဲရ ကရင်ပြည်နယ် ဘောလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

93

 

ဂုဏ်ပြုပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်က ဂုဏ်ပြု အမှာစကား ပြောကြားပြီး အောင်ပွဲရ ကရင်ပြည်နယ် အသက်(၁၄)နှစ်အောက်ဘောလုံးအသင်းအား ဂုဏ်ပြုဆုငွေ ၃၅ သိန်းကို ပေးအပ် ချီးမြှင့်ကာ အောင်ပွဲရဘောလုံးအသင်းမှ နည်းပြ၊ အုပ်ချုပ်သူနှင့် အားကစားသမားများက အနိုင်ရဗိုလ်စွဲခဲ့သော တံခွန်စိုက်ဆုဖလားအား ပြည်နယ်ဝန်ကြီးချုပ်ထံ အပ်နှံသည်။

 

896230

 

အဆိုပါ ပြိုင်ပွဲကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့်  100Plus     တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး သုဝဏ္ဍမြက်ခင်းတုကွင်း တွင် နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၂၈ ရက်နေ့ထိ ကျင်းပခဲ့ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ကိုယ်စားပြု လက်ရွေးစင်အသင်း ၁၇ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း ကရင်ပြည်နယ် အသက်(၁၄)နှစ်အောက် ဘောလုံးအသင်း အနေဖြင့် ပွဲစဉ်ပေါင်း ၆ ပွဲ ယှဉ်ပြိုင်ကစား၍ ပြိုင်ပွဲအား ထိုက်ထိုက်တန်တန် အနိုင်ရဗိုလ်စွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)