မြို့သစ် နိုဝင်ဘာ ၅
မကွေးခရိုင်၊မြို့သစ်မြို့နယ် စည်ပင်သာယာစျေးအတွင်းသို့ ရှမ်းပြည်တောင်ပိုင်း အောင်ပန်းဒေသမှ ထွက်ရှိဝင်ရောက်လာသည့် ခရမ်းချဉ်သီးများ ယခင်ရက်များထက်စျေးကောင်းရရှိကြောင်း အဆိုပါစျေအတွင်းရှိ ခရမ်းချဉ်သီး ကုန်သည်တစ်ဦးထံမှသိရသည်။
အဆိုပါအောင်ပန်းဒေသ ခရမ်းချဉ်သီးများသည် လက်ရှိအချိန်တွင် မြို့သစ်စည်ပင်သာယာစျေးသို့ခြောက်ဘီးကားဖြင့် ၅ ရက်တစ်ခါ ပုံမှန်ဝင်ရောက်လျှက်ရှိပြီး စျေးနှုန်းမှာလည်း ယခင်ရက်များထက် စျေးကောင်းရရှိနေကြောင်းပြီးခဲ့သည့် ၂ပတ်ခန့်က ခရမ်းချဉ်သီးစျေးမှာ ၁ပိဿာလျှင် ငွေကျပ် ၇၀၀ မှ ၁၀၀၀ ထိရရှိခဲ့သော်လည်း ယခု လက်ရှိအချိန်တွင် ခရမ်းချဉ်သီးစျေးမှာ ၁ပိဿာလျှင် ငွေကျပ် ၁၄၀၀ကျပ်အထိစျေးနှုန်းရရှိခဲ့ကြောင်း ကုန်သည်တစ်ဦးဖြစ်သူ မဌေးဦးထံက သိရသည်။
“လက်ရှိမှာ ခရမ်းချဉ်သီးကို အောင်ပန်းဒေသကမှာယူ ရောင်းချတာပါ။ကျန်တဲ့ဒေသ ခရမ်းချဉ်သီးကစျေးကွက်အဝင်နည်းသွားပါတယ်၊အဲဒါကြောင့် ခရမ်းချဉ်သီးစျေးတွေကမြင့်တက်လာပြီး စျေးကောင်းရရှိနေကြတာပါ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကလည်း ဆီစျေးတွေတက်လာတာလည်းပါတယ်”ဟု ကုန်သည် မဌေးဦးက ထပ်မံပြောကြားသည်။
အဆိုပါ အောင်ပန်းဒေသထွက် ခရမ်းချဉ်သီးများသည် လက်ရှိအချိန်တွင် မြို့သစ်စျေးကွက်သို့ ၅ရက် ၁ ကြိမ်ဝင်ရောက်လျှက်ရှိနေပြီး စျေးနှုန်းမှာလည်းကောင်းမွန်လျှက်ရှိကြောင်း၊ ခရမ်းချဉ်သီးများစျေးကောင်းရရှိခြင်းနှင့်အတူကျန်သည့် ကုန်စိမ်းသီးနှံများကိုလည်း စျေးကောင်းများဖြင့် ပုံမှန်ရောင်းချပေးလျှက်ရှိကြောင်းသိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)


