မန္တလေး ၄ အောက်တိုဘာ
ချမ်းမြသာစည်မြို့နယ်အတွင်း ယာဉ်ကြောရှုပ်ထွေးမှု၊ ယာဉ်မတော်တဆမှုလျော့နည်းရေးနှင့် သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ်များအတွက် သွားလာမှုအဆင်ပြေစေရေးအတွက် အောင်ပင်လယ်ရပ်ကွက်နှင့် ထွန်တုံးရပ်ကွက်တို့အားဆက်သွယ်နိုင်ရန် ပန်းရံတော်ချောင်းဖြတ်ကူးတံတားဖြစ်သည့် အောင်ဇေယျတံတားကို ယာဉ်သွား ပေ ၃၀၊ ရေသွားပေ ၄၀ နှစ်လမ်းသွား သံကူကွန်ကရစ် တံတားအဖြစ် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာနက တည်ဆောက် ပေးလျက်ရှိသည်။
အဆိုပါ တံတားတည်ဆောက်ရာနေရာသို့ အောက်တိုဘာ ၃ ရက် နံနက် ၁၀ နာရီက ချမ်းမြသာစည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး၊ မြို့နယ်နှင့် ရပ်ကွက် တာဝန်ရှိသူများက တည်ဆောက်ပြီးစီးမှုများကို ကွင်းဆင်းကြည့်ရှုရာ လမ်းတံတားဌာန တာဝန်ခံ အင်ဂျင်နီယာက တည်ဆောက်မှုများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
မောင်ပြည်သူ(မန္တလေး)