ကလော ၁၄ စက်တင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် အောင်ပန်းမြို့ ညောင်ပင်ထောင်ရပ်ကွက်တွင် ယနေ့ မွန်းတည့် ၁၂ နာရီခွဲခန့်က ဝိုင်ယာကြိုးအပူလွန်ကဲရာမှ နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အိမ်ပိုင်ရှင် ဦးဒီဗီကန်ဝါလ် ၏ တစ်ထပ်တိုက်နေအိမ်တွင် တပ်ဆင်ထားသည့် လျှပ်စစ်မီတာဘောက်မှ ဝိုင်ယာကြိုးအပူလွန်ကဲကာ နေအိမ်အား မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အောင်ပန်းနယ်မြေ မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းတည့် ၁၂ နာရီ ၅၅ မိနစ်တွင် မီးငြှိမ်းနိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာမရှိဘဲ ဖြစ်စဉ်နှင့်စပ်လျဉ်း၍ အောင်ပန်းနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)