အောင်ပန်း ဇွန် ၁၇

 

ရှမ်းပြည်နယ် အောင်ပန်းမြို့နယ်အတွင်းရှိ ဂေါ်ဖီထုပ်စိုက်တောင်သူများအနေဖြင့် ဂေါ်ဖီထုပ်သီးနှံများစိုက်ပျိုးရာတွင် စိမ့်စမ်းရေ၊ မြေအောက်ရေတို့ဖြင့် အမျိုးမျိုးစိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် ဂေါ်ဖီထုပ်စိုက်ခင်းများ အပင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းသဖြင့် ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း ဂေါ်ဖီစိုက်ပျိုးသူများထံမှ သိရသည်။

 

အောင်ပန်းမြို့နယ်တွင် KK Cross (ဂေါ်ဖီထုပ်) မျိုးများကို အဓိကထားစိုက်ပျိုးရာတွင် ယခင်ကကဲ့သို့ မြေပြန့်စိုက်ပျိုးခြင်းမျိုးမဟုတ်ဘဲ ရေသွင်း၊ ရေထုတ်ကောင်းမွန်စေရန် ပေါင်စနစ်ဖြင့် စိုက်ပျိုးခြင်း၊ ပျိုးပင်ကို စနစ်တကျ ရွှေ့ပြောင်းစိုက်ပျိုးခြင်းနှင့် အပင်ကြား၊ တန်းကြား အကွာအဝေးကို တိကျစွာထားရှိသည့် စိုက်ပျိုးနည်းစနစ်များကို အသုံးပြုလာကြကြောင်း သိရသည်။ ​

 

အောင်မြင့်(ပြန်/ဆက်)