ကလော ၂၄ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်၊ အောင်ပန်းမြို့ ရပ်ကွက်(၃) ပြင်သာလမ်းတွင် ဖေဖော်ဝါရီ ၂၃ ရက် ည ၉ နာရီခန့်က လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ကလောမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းထွေးနှင့် တပ်ဖွဲ့ဝင်များ၊ အောင်ပန်းမြို့ နယ်မြေမီးသတ်ဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးနေရဲကျော်နှင့် သန္ဓေတပ်ဖွဲ့ဝင် (၂၀)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၅၀ ဦး၊ မီးသတ်ယာဉ် ၅ စီးနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီခွဲတွင် မီးထိန်းနိုင်ခဲ့ပြီး ၉ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သရသည်။
မီးလောင်မှုသည် အိမ်ပိုင်ရှင် ဒေါ်အုံးကျင် (၇၅)နှစ်၏ ပျဉ်ထောင်သွပ်မိုး (၂)ထပ်နေအိမ်ရှိ မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိ ပျဉ်ကာသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အိမ်ရှင် ဒေါ်အုံးကျင်သည် မီးလောင်မှုကြောင့် သေဆုံးခဲ့ကာ သားဖြစ်သူ ဦးစိုမိုးနိုင် (၄၀)နှစ်တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် တောင်ကြီးစစ်စံထွန်း ဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
MDN