နိုဝင်ဘာ ၁၇

အောင်သမာဓိ စိန်ရွှေရတနာဆိုင်၏ ရွှေချစ်သူမိဘပြည်သူများကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ချီးမြှင့်ပေးသည့် ဒုတိယအကြိမ်မြောက် ရွှေတစ်ပိဿာကံစမ်းမဲ ဖွင့်ပွဲတွင် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်းအနောက်ထိပ် စက်ဝန်းရပ်နေ ဒေါ်စန်းရီမှ ဆွတ်ခူးရရှိသွားကြောင်း သိရသည်။

အောင်သမာဓိ၏ ဒုတိယအကြိမ် ကံစမ်းမဲဖွင့်ပွဲကို နိုဝင်ဘာ ၁၁ ရက်က မန္တလေးမြို့၊ အိုရီယမ်တယ်ဟောက်စ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး သရုပ်ဆောင် နန်းစုရတီစိုး၊ တေးသံရှင် တင်ဇာမော်တို့အပါအဝင် အနုပညာရှင်များနှင့် အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်၍ စက်ခလုပ်နှိပ် ရွေးချယ်ပေးခဲ့ရာ ဇကာတင် (၁၀)ဦးအနက်မှ ဆက်လက်ရွေးချယ်ခဲ့ရာတွင် မန္တလေးမြို့ ဆိုင်အမှတ်(၂)မှ (၅၆၀၀၀၀)ကျပ်တန် စိန်လက်စွပ် ဝယ်ယူအားပေးခဲ့သည့် ဒေါ်စန်းရီက ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

ထိုသို့ ရွှေတစ်ပိဿာကံစမ်းမဲ ဆွတ်ခူးရရှိခဲ့သည့် ဒေါ်စန်းရီကို နိုဝင်ဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီက အောင်မြေသာစံမြို့နယ်၊ ၁၄ လမ်း၊ ၈၇x၈၈ လမ်းကြား၊ ရန်ကင်းလမ်းသွယ်ရှိ အောင်သမာဓိခြံတွင် အခမ်းအနားဖြင့် စာနယ်ဇင်းမီဒီယာများ ရှေ့မှောက်၌ အောင်သမာဓိ စိန်ရွှေရတနာဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်း ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းနှင့် မိသားစုဝင်များက ပေးအပ်ချီးမြှင့်ခဲ့သည့်အပြင် ဇကာတင်စာရင်းတွင် ပါဝင်ခဲ့သူ (၉)ဦးကိုလည်း ရွှေရင်ထိုးများ အမှတ်တရ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်စံမောင်