၁၃ သြဂုတ်
ယနေ့ မိုဘိုင်းဖုန်းသုံးစွဲနေသူတိုင်း ပြောနေကျ၊ ကြားနေကျ စကားလုံးတစ်ခုမှာ OS ဆိုသည့် စကားလုံးဖြစ်ပြီး အရှည်မှာ Operating System ဖြစ်သည်။ အနီးစပ်ဆုံး အဓိပ္ပာယ်အနေဖြင့် စက်လည်ပတ်မှုစနစ်ဟု ပြန်ဆိုနိုင်ပြီး မိုဘိုင်းဖုန်း တစ်လုံးကို စတင်ပါဝါဖွင့်ချိန်မှစ၍ Operating System က အလုပ်လုပ်ပေးကာ မိုဘိုင်းဖုန်း၏ မည်သည့်လုပ်ဆောင်ချက် ကိုမဆို အသုံးပြုရာတွင်လည်း OS အပေါ်တွင် အခြေခံ၍သာ အသုံးပြုရခြင်းဖြစ်သည်။
ကွန်ပျူတာများအတွက် Operating System
မိုဘိုင်းဖုန်းကိုသာ အသုံးပြုသူများအနေဖြင့် Operating System ဆိုသည်ကို ဖုန်းနှင့်ပတ်သက်၍သာ သိကြသော်လည်း Operating System သည် ကွန်ပျူတာများတွင်လည်း စက်လည်ပတ်မှုအတွက် အသုံးပြုရသော အဓိကစနစ် ဖြစ်သည်။ ကွန်ပျူတာများတွင် Operating System အမျိုးမျိုးရှိပြီး အဓိက လူသုံးအများဆုံးမှာ မိုက်ခရိုဆော့ဖ်၏ နာမည်ကျော် Window OS နှင့် Apple ကုမ္ပဏီ၏ MAC OS တို့ ဖြစ်သည်။
Window OS တွင် ဗားရှင်းခွဲများ အများအပြားရှိပြီး ထိုအထဲမှ လူသုံးများခဲ့သော ဗားရှင်းများမှာ Window 98, Windows ME, Windows XP, Windows 7 နှင့် Windows 10 တို့ ဖြစ်သည်။ Windows 10 က နောက်ဆုံးထွက်ဗားရှင်းဖြစ်ပြီး လက်ရှိအချိန်တွင် အများဆုံး အသုံးပြုနေကြသည့် ဗားရှင်းလည်းဖြစ်သည်။
Apple ၏ MAC OS တွင်လည်း ဗားရှင်းအမျိုးမျိုးရှိပြီး Apple သည် အစောပိုင်း MAC OS ဗားရှင်းများကို ကျားသစ်နှင့် ခြင်္သေ့ မျိုးကွဲအမည်များဖြင့် ထုတ်လုပ်ခဲ့ကာ နောက်ပိုင်းတွင် သဘာဝရှုခင်းအမည်များဖြင့် ထုတ်လုပ်နေသည်။
Linux OS မှာမူ စွမ်းရည်မြင့်သော Open Source OS တစ်ခုဖြစ်သော်လည်း နည်းပညာသမားများ၊ ပရိုဂရမ် ရေးသူများသာ အသုံးများကြပြီး သာမန်ကွန်ပျူတာသုံးသူများ အသုံးနည်းသည့် OS ဖြစ်သည်။ Google က ထုတ်လုပ် ထားသည့် Chrome OS မှာလည်း လူသုံးနည်းသည်။ ထို့အပြင် အခြားသော ကွန်ပျူတာသုံး Operating System အချို့ ရှိသေးသော်လည်း နည်းပညာသမားများသာ လုပ်ငန်းလိုအပ်ချက်အပေါ် မူတည်၍ အသုံးပြုကြပြီး သာမန်လူများအဖို့ သုံးစွဲမှုမရှိသလောက် နည်းပါးသည်။
မိုဘိုင်းဖုန်းအတွက် OS များ
မိုဘိုင်းဖုန်းများအတွက်လည်း ကွန်ပျူတာများကဲ့သို့ပင် ဥစနမအေငညါ Sပျအနာ အမျိုးမျိုးရှိသည်။ လူသိများသည့် မိုဘိုင်းဖုန်း ဥစနမအေငညါ Sပျအနာ များမှာ ဗညိမသငိယ ငဥှယ Wငညိသတျယ Blခေုဘနမမပ နှင့် Sပာဘငညေ တို့ဖြစ်သည်။
Window OS သည် Window Phone ဟု ခေါ်ကြသော ဖုန်းများတွင် ပါဝင်သည့် မိုက်ခရိုဆော့ဖ်၏ OS ဖြစ်ပြီး ကွန်ပျူတာတွင် သုံးနေသည့် Window OS ကို ဖုန်းနှင့် တက်ဘလက်များတွင် သုံးနိုင်ရန်အတွက် မိုက်ခရိုဆော့ဖ်က ပြုပြင်ပြောင်းလဲပေးထားခြင်းဖြစ်သည်။ Blackberry မှာ အမေရိကန်နိုင်ငံထုတ် Blackberry ဖုန်း၏ OS ဖြစ်ပြီး Blackberry ဖုန်းများတွင်သာ ပါဝင်ကာ Blackberry ဖုန်းများမှာ ကမ္ဘာ့ဈေးကွက်နှင့်ယှဉ်ပါက သုံးစွဲမှုနည်းသဖြင့် Blackberry OS ကိုလည်း သုံးသူ နည်းသည်။ Symbian OS မှာ ယခင်က ကမ္ဘာ့မိုဘိုင်းဖုန်း ထုတ်လုပ်မှုတွင် ဘုရင် ဖြစ်ခဲ့သည့် Nokia ၏ ကိုယ်ပိုင် Operating System ဖြစ်ပြီး နောက်ပိုင်းတွင် Android OS ကို မယှဉ်နိုင်တော့ဘဲ ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ရသည်။
iOS
iOS မှာ နာမည်ကျော် Apple ၏ မိုဘိုင်းထုတ်ကုန်များ ဖြစ်သည့် iPhone နှင့် iPad များတွင် သီးသန့်အသုံးပြုနေသည့် Operating System ဖြစ်သည်။ လက်ရှိအချိန်တွင် iPhone နှင့် iPad တွင် အသုံးပြုနေခြင်းကြောင့် iOS ကို လူသိများသော်လည်း iOS သည် ပထမဆုံး iPhone မပေါ်မီ ကပင် iPod touch သီချင်းဖွင့်စက်များတွင် အသုံးပြုခဲ့သည့် OS ဖြစ်သည်။
ထို့နောက် ပထမဆုံး iPhone ကို ထုတ်လုပ်သည့်အချိန် တွင်လည်း iOS 1 ကို စတင်အသုံးပြုခဲ့ကာ ထိုမှတစ်ဆင့် ဖုန်းမော်ဒယ်အလိုက် iOS ကိုလည်း အဆင့်မြှင့်တင် ထုတ်လုပ်ခဲ့ရာ ယခုနောက်ဆုံး အတည်ပြုသုံးနေသောဗားရှင်းမှာ iOS 10 ဖြစ်သည်။ စမ်းသပ်ဗားရှင်းအနေဖြင့် iOS 12 ကိုလည်း ထုတ်လုပ်ထားပြီးဖြစ်သည်။
Android OS
Android မှာ ယနေ့ ဖုန်းဈေးကွက်အတွင်း iPhone မှအပ အခြားဖုန်း အားလုံးနီးပါးတွင် အသုံးပြုလျက်ရှိသည့် အအောင်မြင်ဆုံးသော Operating System ဖြစ်သည်။ ပြည်တွင်းဈေးကွက်တွင် Window နှင့် Blackberry OS များကို အသုံးပြုမှု မရှိသလောက်နည်းသဖြင့် iPhone မှလွဲ၍ မည်သည့်တံဆိပ်ဖုန်းမဆို Android OS သာဖြစ်သည်ဟုပင် ဆိုနိုင်သည်။ ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီများက Android OS ကိုပင် မိမိတို့ကုမ္ပဏီအလိုက် User Interface(UI)ပြောင်းလဲ၍ သုံးထားကြခြင်းဖြစ်သည်။ ထို့ကြောင့် အသုံးပြုရာတွင် ဖုန်းအမျိုးအစားအပေါ်မူတည်ကာ သုံးရသည့်ပုံစံ ကွာခြားမှုများ ရှိနေသော်လည်း UI သာ ကွာခြားခြင်းဖြစ်ပြီး အဓိက စက်လည်ပတ်သည့်စနစ်မှာ ဗညိမသငိ သာဖြစ်သည်။
Android ၏ အဓိပ္ပာယ်မှာ လူသားတစ်ပိုင်းစက်ရုပ်ဟု အဓိပ္ပာယ်ရပြီး စတင်ထုတ်လုပ်ချိန်က အစမ်းဗားရှင်းနှစ်ခုအဖြစ် Alpha နှင့် Betaကို ထုတ်လုပ်ခဲ့သည်။ ထို့နောက် Cupcake ဟူသည့် မုန့်အမည်ဖြင့် Android ကို ဖုန်းများတွင် စတင်အသုံးပြု ရောင်းချခဲ့ရာ ထိုအချိန်မှစ၍ အောင်မြင်မှုများ ဆက်တိုက်ရရှိခဲ့သည်။ နောက်ပိုင်းတွင်လည်း Donut, Éclair စသည့် အင်္ဂလိပ် အက္ခရာစဉ်အလိုက် မုန့်အမည်များဖြင့် ဗားရှင်းသစ်များထုတ်လုပ်ခဲ့ရာ ယခုအချိန်တွင် အက္ခရာ O အထိ ရောက်ရှိနေပြီး အမည်မှာ Oreo ဖြစ်သည်။
အခြားသော မိုဘိုင်း Operating System များနှင့် မတူသော Android ၏ထူးခြားချက်မှာ ကုမ္ပဏီပိုင် OS မဟုတ်ဘဲ မည်သူမဆို တရားဝင် အခမဲ့ယူသုံးနိုင်၊ အဆင့်မြှင့်တင်နိုင်သော Open Source OS ဖြစ်နေခြင်း ဖြစ်သည်။ ထိုသို့ Open Source ဖြစ်နေခြင်းကြောင့် ဖုန်းကုမ္ပဏီများက မိမိတို့၏ UI များနှင့်တွဲ၍ အသုံးပြုခြင်းဖြင့် Android ကို ပို၍ လူသုံးများလာခဲ့သလို Open Source ဖြစ်နေခြင်းကြောင့်ပင် ကမ္ဘာအနှံ့မှ ပညာရှင်များက ပါဝင်အဆင့်မြှင့်တင် ပြုပြင်မှုများကြောင့် Android OS သည် ကောင်းသည်ထက် ကောင်းလာခဲ့ခြင်း ဖြစ်ပေတော့သည်။ ။
သူရဖြိုး