ဆာနား ဇန်နဝါရီ ၃၀
အေဒင်ပင်လယ်ကွေ့၌ အမေရိကန်စစ်သင်္ဘောတစ်စင်းကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယီမင်ရှိ ဟူသီအုပ်စုက ဇန်နဝါရီ ၂၉ ရက် တွင် ပြောကြားသည်။
ဟူသီအုပ်စုက မြို့တော်ဆာနားအပါအဝင် ယီမင်နိုင်ငံမြောက်ပိုင်း ဒေသအများအပြားကို ထိန်းချုပ် ထားကြောင်း၊ အဆိုပါအဖွဲ့က စူးစမ်းလေ့လာရေး မိုဘိုင်းအခြေစိုက် ရေယာဉ်ဖြစ်သည့် ယူအက်စ် အက်စ် လူးဝစ် ဘီ ပူလာသင်္ဘောကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
သင်္ဘော၏ လုပ်ငန်းတာဝန်များထဲမှ တစ်ခုသည် ၎င်းတို့ နိုင်ငံကိုကျူးကျော်ဆန့်ကျင်မှုတွင် ပါဝင်သည့် အမေရိကန်တပ်ဖွဲ့ကို ထောက်ပံ့မှုများပေးရန်ဖြစ်ကြောင်း ဟူသီတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ယာ့ရာဆာရီက ထုတ်ပြန်ချက်တွင် ပြောကြားသည်။
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ ပိတ်ဆို့မှုကို အဆုံးသတ်သည်အထိ အစ္စရေးသင်္ဘောများ သို့မဟုတ် အစ္စရေးသို့ ဦးတည်သွားလာနေသည့် ရေယာဉ်များကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
သင်္ဘောပေါ်၌ နောက်ထပ် တိုက်ခိုက်မှုများကို တားဆီးရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို ကာကွယ်ရန် ရည်ရွယ်ပြီး အမေရိကန်နှင့် ဗြိတိန်တို့က မကြာသေးမီ သီတင်းပတ်များအတွင်း ဟူသီတို့ တည်ရှိရာနေရာများကို လက်တုံ့ပြန်သည့်အနေဖြင့် လေကြောင်းတိုက်ခိုက်မှု များစွာလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဆင်ဟွာ