တီဟီရန် နိုဝင်ဘာ ၂၉
အီရန်တပ်မတော်သည် အေဒင်ပင်လယ်ကွေ့နှင့် အိုမန်ပင်လယ်အတွင်း၌ ရောက်ရှိနေသည့် အမေရိ ကန် လေယာဉ်တင်သင်္ဘောကို ခြေရာခံဖော်ထုတ်နိုင်ခဲ့ကြောင်း တရားဝင်သတင်းအေဂျင်စီ အိုင်နာ က နိုဝင်ဘာ ၂၈ ရက်တွင် ပြောကြားသည်။
ယင်းလေယာဉ်တင်သင်္ဘော ဟော်မုဇ်ရေလက်ကြားအတွင်းရှိနေမှုကို အီရန်အစောင့်တပ်ဖွဲ့၏ရေတပ် တပ်ဖွဲ့ဝင်များနှင့် ကြည်းတပ်၏ တပ်ဖွဲ့များအကြား သတင်းအချက်အလက်ဖလှယ်ခြင်းမှတစ်ဆင့် ခြေရာခံကာ ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ဒေသတွင်း ရေပိုင်နက်အတွင်း အမေရိကန်လေယာဉ်တင်သင်္ဘော တည်ရှိနေခြင်းသည် ဒေသ တွင်းလုံခြုံရေးကို တိုးတက်ကောင်းမွန်အောင် အထောက်အကူမပြုဘဲ တင်းမာမှုနှင့် မလုံခြုံ မှုများကို တိုးပွားလာစေသည်ဟု အီရန်အဆင့်မြင့် တပ်မှူးများနှင့် တာဝန်ရှိသူများက ပြောသည်။
ဒေသတွင်းနိုင်ငံများက ပြည်ပဝင်ရောက် စွက်ဖက်မှုမရှိခြင်းဖြင့် ဒေသတွင်းလုံခြုံရေးကို အာမခံ နိုင်ပြီး အမေရိကန်၏ တည်ရှိနေမှုကို မလိုအပ်ကြောင်း မှတ်ချက်ပြုပြောကြားသည်။
၎င်းလေယာဉ်တင်သင်္ဘော USS Dwight D. Eisenhower သည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်ကျော်ပြီး မဟာဗျူဟာမြောက်ရေလမ်းကို ကင်းလှည့်မည်ဟု ကြေညာထားကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ