၁၃ ဒီဇင်ဘာ
နိုင်ငံအတွင်းရှိ လူ့ဘောင်လောကတွင် ဖြစ်ပေါ်တတ်သော မညီညွတ်မှု၊ မငြိမ်းချမ်းမှု တို့ကို ညီညွတ်ခြင်း၊ ငြိမ်းချမ်းခြင်း ဖြစ်ပေါ်လာအောင် နိုင်ငံသူနိုင်ငံသား အားလုံးအနေဖြင့် တစ်ဦးအပေါ်တစ်ဦး စာနာထောက်ထားမှု၊နားလည်မှုတို့ဖြင့် အကျိုးလိုလားသော မေတ္တာစေတနာများထားကာ အချင်းချင်းရိုင်းပင်းကူညီလျက် ငြိမ်းချမ်းသာယာသော လူ့ဘောင်ဖြစ်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်သင့်ကြပေသည်။
မြတ်စွာဘုရားရှင်ဟောကြားတော်မူသော သာရဏီယ သြဝါဒကထာအရ ဝိဝါဒ - ငြင်းခုံခြင်း၊ ဝိဂ္ဂဟ - ဆန့်ကျင်ခြင်း၊ ကလဟ - ကိုယ်နှုတ်ထိပါး ခိုက်ရန်ပွားခြင်းတို့သည် အချင်းချင်း စည်းလုံးမှုကွဲပြားပါကဖြစ်ကြရသည်ဟု ဖွင့်ဆိုထားသည်။ ထိုအခါ လူနတ်ဗြဟ္မာ သတ္တဝါတို့ကြီးစွာဒုက္ခ ရောက်ကြရသည်။ အကြင်မြို့၊ အကြင်ရွာ၊ အကြင်တိုင်းပြည်၊အကြင်ကျောင်းတိုက်၊ အကြင်ဌာန၊ အကြင်အသင်းအဖွဲ့တို့၌ ချမ်းသာခြင်းမရှိ၊ ဆင်းရဲခြင်းနှင့် ကြုံတွေ့ကြရသည့် သဘောရှိသည်။လူ့ဘောင်လောက အေးချမ်းသာယာရေးအတွက် အဓိက လိုအပ်ချက်မှာ အချင်းချင်းညီညွတ်ခြင်းသာ ဖြစ်၏။ အချင်းချင်းညီညွတ်ကြလျှင်ငြင်းခုံမှု - ဝိဝါဒ၊ ဆန့်ကျင်မှု - ဝိဂ္ဂဟ၊ ကိုယ်နှုတ်နှစ်ပါး ထိပါးခိုက်ရန်ဖြစ်ပွားမှု - ကလဟ မဖြစ်ကြရသဖြင့် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းကို ဖြစ်ကြရ၏။ ထိုအခါ အကြင်မြို့၊ အကြင်ရွာ၊ အကြင်တိုင်းပြည်၊ အကြင်ကျောင်းတိုက်၊ အကြင်ဌာန၊ အကြင်အသင်းအဖွဲ့တို့ အချင်းချင်း စိတ်ဝမ်းမကွဲတစ်သားတည်းဖြစ်ကြကာ ကိုယ်စိတ်နှစ်ဖြာချမ်းသာခြင်းကို ဖြစ်ကြရသည်။
ညီညွတ်ခြင်း၏ အကျိုးတရားမှာ လွန်စွာကြီးမားလှ၏။ ကိုယ်စီ ကိုယ်စီသာမက လောကလူ့ဘောင်တစ်ခုလုံးအတွက်ပါ ကောင်းကျိုးချမ်းသာကိုဖြစ်စေသော ထိုအကျင့်တရားတို့မှာ တရားဒေသနာအရသာမကလောကနီတိသဘောတရားအရ လိုက်နာကျင့်သုံး အားထုတ်အပ်သည်မှာအမှန်ဖြစ်၏။ သို့သော် လူတို့တွင် လွှမ်းမိုးထားသော လောဘ၊မောဟ၊ဒေါသ၊ မာန်မာနများကြောင့် လူ့ဘောင်လောကတွင် စိတ်မချမ်းမြေ့ဖွယ်ရာများ၊ အနိဋ္ဌာရုံများကို မကြာခဏ မြင်တွေ့ကြရခြင်းဖြစ်သည်။
အထူးသဖြင့် ကျွန်ုပ်တို့နိုင်ငံအတွက် မငြိမ်းချမ်းသော လက်နက်ကိုင်ပဋိပက္ခများ ရှည်လျားစွာဖြစ်ပေါ်ခဲ့ပြီး ငြိမ်းချမ်းရေးနှင့် မနီးသေးဖြစ်ရ၏။ငြိမ်းချမ်းရေးသည် ပြည်သူအားလုံးအတွက် မျှော်လင့်ချက်ဖြစ်၍မက်မက်မောမော တောင့်တကြ၏။ ငြိမ်းချမ်းရေး ရရှိအောင်လည်းဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နေကြ၏။ ငြိမ်းချမ်းရေးကိုစကားဖက်၍ဆွေးနွေးအဖြေရှာကြသလို ပြည်သူများ၏ဆန္ဒဖြင့် ဝိုင်းဝန်းလှုံ့ဆော်ပေးကြရ၏။ အမှန်တကယ်တွင် ငြိမ်းချမ်းရေးမှာ မိမိတို့စိတ်ခံစားမှုအပေါ်တငွ သ် ာမတူ ညသ် ဖြင ့် တရားဖက၍် လညး် အဖြေရှာ အားထတု ်ခြင်းဖြင့် ငြိမ်းချမ်းရေးခရီးမှာ ဖြောင့်ဖြူးစေမည်မှာ အမှန်ဖြစ်၏။လူ့ဘောင်လောက ငြိမ်းချမ်းသာယာရေးမှာစိတ်ခံစားချက် အပေါ်တွင် မူတည်သဖြင့် ငြိမ်းအေးလိုက် ပြန်ဖြစ်လိုက်နှင့် ခိုင်မြဲရန်မှာ မလွယ်ကူလှ။ သာမန်ညီညွတ်ရုံမျှဖြင့် ပြန်လည်ပျက်ပြယ်တတ်သည်ကို သတိမူရမည်ဖြစ်၏။ ညီညွတ်ရုံသာညီညွတ်၍ ညီညွတ်ခြင်းတရားကို ခိုင်မြဲအောင်အားမထုတ်ဘဲ ပေါ့ပေါ့ဆဆနေပါလျှင် ချမ်းသာသုခ ထာဝရငြိမ်းချမ်းမှုကို ခိုင်ခိုင်မြဲမြဲ ပိုင်ဆိုင်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် တရားဒေသနာအရ ညီညွတ်ခြင်းတည်းဟူသော ငြိမ်းချမ်းသာယာခြင်းကိုခိုင်ခိုင်မြဲမြဲ ဖြစ်ထွန်းစေသည့် သမ္မပ္ပဓာန် လေးပါးကို လေးလေးနက်နက်ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်အပ်၏။
မိမိတို့၏ ကိုယ်စိတ်နှစ်ပါးတွင်ဖြစ်ပေါ်နေသော စိတ်ခံစားမှုတို့ကိုဓမ္မဖြင့် မပြတ်သတိကပ်၍ ရှုမှတ်ခြင်းအလုပ်ကို မပြတ်အားထုတ်ဖို့ဖြစ်၏။သမ္မပ္ပဓာန်လေးပါး၏ ရည်ရွယ်ချက်မှာ လူတစ်ဦးတစ်ယောက်၏ လူသားမဆန်သော စိတ်ဆိုး၊ စိတ်ရိုင်းများကို အကောင်းဘက်မှ တိုးတက်လာအောင် ဖိနှိပ်ထားခြင်းဖြစ်သည်။ တစ်နည်းဆိုလျှင်လူ၏စိတ်သန္တာန်တွင်ကပ်ငြိနေသော အများပြည်သူ စိတ်နှလုံးမချမ်းမြေ့စေမည့် အပြုအမူအလုပ်အကိုင်များ မဖြစ်ပွားအောင် မပြုလုပ်မိအောင် သတိကပ်ထားနေခြင်းဖြစ်၏။
သို့ဖြစ်ရာ နိုင်ငံသူ နိုင်ငံသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံကြကာ ငြိမ်းချမ်းသာယာသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအတွင်းရှိ လူ့ဘောင်လောကတွင် အစဉ်ထာဝရရပ်တည် နေထိုင်နိုင်ရေးအတွက် သမ္မပ္ပဓာန် လေးပါးကို တတ်နိုင်သမျှကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြရန် လေးစားစွာဖြင့် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။