၂၄ ဖေဖော်ဝါရီ
၂၀၁၉ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲယှဉ်ပြိုင်ရန် ရှမ်းယူနိုက်တက်အသင်းသည် ယနေ့နံနက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံ ဘာကိုလော့မြို့သို့ ထွက်ခွာသွားသည်။
ရှမ်းယူနိုက်တက်အသင်းတွင် အဖွဲ့ခေါင်းဆောင်-ဦးရဲမျိုးထွန်း၊ အုပ်ချုပ်သူ-ဦးဟန်ဝင်းအောင်၊ နည်းပြချုပ်-ဦးမင်းသူ၊ နည်းစနစ်ဒါရိုက်တာ- ဦးအောင်နိုင်၊ လက်ထောက်နည်းပြ-ဦးအောင်ကျော်ထွန်း၊ ဦးစိုးမင်းဦး၊ ဂိုးနည်းပြ-ဦးအောင်သက်၊ ဂိုး-ဘုန်းသစ္စာမင်း၊ မျိုးမင်းလတ်၊ နောက်တန်း-ဒေးဗစ်ဒန်း၊ ဒီဒီမာ၊ ထိုက်ထိုက်အောင်၊ နန္ဒကျော်၊ ရဲမင်းသူ၊ ဇော်လင်းဦး၊ အလယ်တန်း-ဆွမ်လမန်၊ ဆက်ဖြိုးဝေ၊ နာကာမူရာ၊ ရန်နိုင်ဦး၊ ရဲရင့်ထွန်း၊ ထက်ဖြိုးဝေ၊ ဂူစတာဗို၊ ရှေ့တန်း- ဇင်မင်းထွန်း၊ မေကွန်၊ ဒွေးကိုကိုချစ်တို့ လိုက်ပါသွားသည်။ ရှမ်းယူနိုက်တက်အသင်းတွင် ဒဏ်ရာရနေသည့် ပြည်တွင်းကစားသမားများမှလွဲ၍ လူစုံရွေးချယ်သွားပြီး ရလဒ်ကောင်းရယူနိုင်ရန် ကြိုးပမ်းမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် အုပ်စုအဖွင့်ပွဲအဖြစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် ဖိလစ်ပိုင်ကလပ် ဆီရက်စ်အသင်းနှင့် အဝေးကွင်းပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် အုပ်စုတွင် ဆီရက်စ် (ဖိလစ်ပိုင်)၊ ပါစီဂျာဂျကာတာ (အင်ဒိုနီးရှား)၊ ဘင်ဒေါင်း (ဗီယက်နမ်) တို့နှင့် ကျရောက်နေသည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ရှမ်းယူနိုက်တက်