နေပြည်တော်  ၂၅  ဖေဖော်ဝါရီ 

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် AFC ယူ-၁၆ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့် ဘောလုံးပြိုင်ပွဲ Round (2) (AFC U-16 Women’s Championship Thailand 2019 Qualifiers Round -2) ပွဲစဉ်များအနက် မြန်မာယူ-၁၆ အမျိုးသမီးဘောလုံးအသင်းသည် ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၆ နာရီတွင် တရုတ်အမျိုးသမီးဘောလုံးအသင်းနှင့် လည်းကောင်း၊ မတ် ၁ ရက် ညနေ ၆ နာရီတွင် ဘင်္ဂလားဒေ့ရှ် အမျိုးသမီးဘောလုံးအသင်းနှင့်လည်းကောင်း၊ မတ် ၃ ရက် ညနေ ၆ နာရီတွင် ဖိလစ်ပိုင်အမျိုးသမီးဘောလုံးအသင်းနှင့် လည်းကောင်း မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်း၌ ယှဉ်ပြိုင်ကစားသွားကြ မည်ဖြစ်သည်။

 

အဆိုပါဘောလုံးပွဲစဉ်များကို ယင်းနေ့ ညနေ ၅ နာရီ ၄၅ မိနစ်မှ စတင်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) ၊ MRTV Sports Channel နှင့် မြန်မာ့အသံရေဒီယိုအစီအစဉ်တို့မှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

(သတင်းစဉ်)