ရန်ကုန် မတ် ၉
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မတ်လ ၈ ရက်တွင် ကျရောက်သည့် AFC Women's Football Day 2022 အစီအစဉ်များကို မတ် ၇ ရက်နှင့် ၈ ရက်တို့တွင် ရန်ကုန်မြို့ရှိသုဝဏ္ဏဘောလုံးကွင်း၌ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
မတ် ၇ ရက်တွင် Women Football Coaches Development Workshop ကို သုဝဏ္ဏဘောလုံးကွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမ၌ ပြုလုပ်ခဲ့ပြီး အမျိုးသမီးဘောလုံးနည်းပြများပေါ်ထွက်ရေး၊ အမျိုးသမီး ဒိုင်လူကြီးများ စွမ်းရည်တိုးတက်လာရေး စသည်များကို သင်တန်းဆရာများက သင်ကြားပို့ချပြီး သင်တန်းသို့ တက်ရောက်ခဲ့သည့် အမျိုးသမီးဘောလုံးနည်းပြများ၊ အမျိုးသမီးဒိုင်လူကြီးများ၊ မျိုးဆက်သစ် အမျိုးသမီး ကစားသမားငယ်များနှင့် အပြန်အလှန်ဆွေးနွေးခဲ့သည်။ မတ် ၈ ရက် နံနက်ပိုင်းတွင်မူ AFC Women's Football Day 2022 အစီအစဉ်အဖြစ် သုဝဏ္ဏအားကစားကွင်း၌ အမျိုးသမီးအသင်း လေးသင်း ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့သည်။ မြန်မာ့လက်ရွေးစင်နှင့် လူငယ် လက်ရွေးစင်ကစားသမားများကို လေးသင်းခွဲ၍ ခြေစမ်းပွဲကစားစေခြင်းဖြစ်သည်။
ကိုညီလေး