နေပြည်တော် ဖေဖော်ဝါရီ ၂၆
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား သင်တန်းသူ ၄၀ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက “ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် တိုးတက်လာသည့် IT နည်းပညာများနှင့်အညီ လိုက်ပါဆောင်ရွက်နိုင်ရန်၊ Computer ကိုအခြေခံမှစ၍ တတ်ကျွမ်းသည်အထိ အဆင့်မြှင့်တင် လေ့လာသွားနိုင်ရန်၊ ဆန်းသစ်တီထွင်မှုများအတွက် တံခါးပေါက်ဖြစ်သည့် Computer စွမ်းဆောင်ရည်များကို နားလည်သဘောပေါက် အသုံးချတတ်စေရန်နှင့် e-Government လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ နည်းပြများ၏ အကူအညီဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းကို တက်ရောက်ကြသည့် ဝန်ထမ်းများအနေဖြင့် တန်ဖိုးထား၍ အလေးအနက်ထား လေ့လာရန်လိုအပ်ကြောင်း၊ သင်တန်းတွင် သင်ကြားခဲ့သည့် ပညာရပ်များကိုလည်း လက်တွေ့ရုံးလုပ်ငန်းနှင့် ပေါင်းစပ်၍ ပိုမိုမြင့်မားအောင် လေ့လာကြ စေလိုကြောင်း၊ အခြေခံကွန်ပျူတာသင်တန်းမှ အဆင့်မြင့် သင်တန်းများအထိ တိုးတက်ဖွင့်လှစ် သင်ကြားနိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားသည်။
အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ကို ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၁၁ ရက်အထိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ နည်းပြများက သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်