နေပြည်တော် မတ် ၂၈
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုကို တွန်းလှန် တိုက်ဖျက် ရာတွင်အဓိကကျသည့် ဖြောင့်မတ်တည်ကြည်မှုရှိသည့် အသိုက်အဝန်း တည်ဆောက်ရန်အတွက် ဆရာ/ဆရာမများ မွမ်းမံသင်တန်းများတွင် အသိပညာပေး အစီအစဉ်များကို ဆောင်ရွက်ခဲ့ရာ ကော်မရှင်(ရုံးခွဲ) များမှ အရာထမ်းများက ကရင်ပြည်နယ် ဘားအံ့မြို့ရှိ အထက (၁) တွင် လည်းကောင်း၊ မကွေးတိုင်းဒေသကြီးရှိ အထက(၁)တွင် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ စမ်းချောင်းမြို့နယ်ရှိ အထက (၁၂) တွင်လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့) ကျိုင်းတုံမြို့ရှိ အထက (၂) နှင့် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ရှိ အထက (၁) တို့တွင်လည်းကောင်း အသိပညာပေးဆောင်ရွက်ခဲ့ပြီး ဆရာ/ ဆရာမများက လည်းစိတ်ဝင်တစား မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်