နေပြည်တော်၊ အောက်တိုဘာ  ၂၁

 

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ၂၀၂၂-၂၀၂၅ မဟာဗျူဟာစီမံချက်ပါ ၂၀၂၂ ခုနှစ် လုပ်ငန်း အစီအစဉ်တစ်ခုဖြစ်သည့်မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပညာသင်ယူရာဌာနများတွင် ကျောင်းသား၊ ကျောင်းသူများအား အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးနိုင်ရန်အတွက် “ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေး (Edu-tainment) အစီအစဉ်များ” ပြုလုပ်နိုင်ရေး အတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာ ကျောင်းများတွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို ကော်မရှင်မှ ထုတ်ဝေဖြန့်ချိ ခဲ့သည့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာအချို့ကို ကောက်နုတ်၍သင်ကြားပို့ချခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုကဲ့သို့ ကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး အစီအစဉ်များဆောင်ရွက်ခြင်းဖြင့် အနာဂတ်တွင် ဖြောင့်မတ်တည်ကြည်မှု ရှိသည့် လူမှုအသိုက်အဝန်းဖြစ်ပေါ်လာပြီး နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းပေါ်ပေါက်လာမည် ဖြစ်သည်။

(သတင်းစဉ်)