နေပြည်တော်  ၁၄ ဩဂုတ်
 
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်သည် မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်သံအမတ်ကြီး Mr.Steve Marshall နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် နယူးဇီလန်နိုင်ငံ သံရုံးတို့ပူးပေါင်း၍ ဇူလိုင်(၁)ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် တိုင်ကြားစာဖြေရှင်းမှုယန္တရားဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၏ ဆွေးနွေးမှုရလဒ်များနှင့် ရှေ့လုပ်ငန်းအစီအစဉ်အပေါ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး၊ ဦးအောင်သန်းမြင့်နှင့် ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။ 

သတင်းစဉ်