အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်ရဲ့ အဂတိလိုက်စားမှု အဓိပ္ပါယ်ဖွင့်ဆိုပုံ

၂၃ ဇန်နဝါရီ

အဓိက ပြောချင်တာကတော့ အဂတိ လိုက်စားမှုဆိုတာ ဒီတိုင်းပြည်ကို ဆင်းရဲအောင် ဖြစ်နေတဲ့ အကြောင်းတရား တစ်ရပ်ပဲ။ အဂတိ လိုက်စားမှုကို တိုက်ဖျက်ဖို့ဆိုတာ ပြည်သူလူထု တစ်ရပ်လုံးက လိုလားနေတဲ့၊ တောင်းဆိုနေတဲ့ ကိစ္စပါပဲ။ အဲဒီတော့ ဒီလိုလိုလားချက်၊ တောင်းဆိုချက်ကို ကျွန်တော်တို့ ကော်မရှင် အနေနဲ့ တတ်နိုင်သမျှ ကြိုးစားဆောင်ရွက် ပေးသွားပါမယ်။ အဲဒီလို ဆောင်ရွက်ရာမှာ အရေးကြီးတဲ့ အချက်ကတော့ နိုင်ငံသားတိုင်း နိုင်ငံသားတိုင်းက မည်သည့် အဂတိ လိုက်စားမှုကိုမဆို သည်းမခံဖို့၊ ခွင့်မလွှတ်ဖို့၊ လျစ်လျူမရှုဖို့ ဒါကို အဓိကထားပြီး ပြောချင်ပါတယ်။ ဒီလိုပြစ်မှုမျိုး အဂတိ လိုက်စားမှုတွေကို တွေ့ရှိလာရင် ကျွန်တော်တို့ ကော်မရှင်ကို တင်ပြပြီး ကျွန်တော်တို့ ကော်မရှင်နဲ့ အတူတကွ အဂတိ လိုက်စားမှုတွေကို တိုက်ဖျက်သွားနိုင်အောင် ပူးပေါင်း ဆောင်ရွက်သွားကြပါလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောပါတယ်။ 

“အဂတိလိုက်စားမှု တွန်းလှန်ဖို့ ကိုယ်ကျင့်သိက္ခာမြှင့်တင်စို့” (Promote Integrity to Counter Corruption) ခေါင်းစဉ်ဖြင့် အရပ်ဖက် အဖွဲ့အစည်းများရဲ့ စာတမ်းဖတ် ဆွေးနွေးပွဲကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် နဲ့ UNODC တို့ ပူးပေါင်းပြီး ရန်ကုန်မြို့ရှိ Park Royal တွင် ၂ ရက်တာ (ဇန်နဝါရီလ ၂၂ -၂၃) ဆွေးနွေးပွဲမှာ ဦးအောင်ကြည် ပြောကြားချက်များမှ သတင်းကောက်နှုတ် ဖော်ပြလိုက်ပါတယ်။

MDN