နေပြည်တော် ၂၆ နိုဝင်ဘာ

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှု (ချက်သမ္မတနိုင်ငံ) မစ်ရှင်အဖွဲ့ (Transparency International – Czech Republic) ညွှန်ကြားရေးမှူး Mr.David Ondracka နှင့်အဖွဲ့အား ယနေ့မွန်းလွဲ နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ကောင်းမွန်သော အလေ့အထများနှင့် အတွေ့အကြုံများ၊ အဂတိလိုက်စားမှုကျူးလွန်ရာမှ ရရှိသည့်ပိုင်ဆိုင်ပစ္စည်းများကို ပြန်လည်ရယူနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကော်မရှင်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဥပဒေအခြေခံအဆောက်အဦ ခိုင်မာရေး၊ အသိပညာပေးရေး၊ တားဆီးကာကွယ်ရေး၊ စုံစမ်းစစ်ဆေးရေးဆိုင်ရာများ၊ စိန်ခေါ်မှုများနှင့် နှစ်ဖက်အဖွဲ့အစည်းအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စ၊ အကူအညီပေးရေးဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးသည်။

ဆက်လက်၍ Corruption Perception Index-CPI တွက်ချက်သတ်မှတ်မှုနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲအား မွန်းလွဲ နာရီတွင် ကျင်းပခဲ့ရာ TI မှ ကျွမ်းကျင်ပညာရှင် Mr. OndrejCakl က CPI တွက်ချက်သတ်မှတ်သည့် အခြေခံအချက်များအပေါ် ရှင်းလင်းခဲ့ပြီး တက်ရောက်လာကြသူများက အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ ကော်မရှင်အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံး ဝန်ထမ်းများ၊ ဆက်စပ်သော ပြည်ထောင်စုဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြသည်။          

သတင်းစဉ်