နေပြည်တော် မေ ၅
ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် မေ ၂ ရက်မှ ၃ ရက်အထိ ကျင်းပခဲ့သည့် အဂတိလိုက်စားမှုအတွက် အရပ်ဘက်နှင့် စီမံအုပ်ချုပ်မှုတာဝန်ခံမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အစည်းအဝေး သို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းသည် အာရှပစိဖိတ်ဒေသအုပ်စု ကိုယ်စားပြု၍ တက်ရောက်သည်။
အစည်းအဝေးတွင် “ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCAC) အောက်ရှိ ပြည်တွင်းကျင့်ထုံးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး” ခေါင်းစဉ်ဖြင့် ရှင်း လင်းဆွေးနွေးကြရာ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်၏ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ အဂတိလိုက်စားမှု ကျူးလွန်ရာမှရရှိလာသည့် ငွေကြေးနှင့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းအရေးယူမှုနှင့်စပ်လျဉ်း၍ ထည့်သွင်းရှင်းလင်း ဆွေးနွေးသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ဩစတြေးလျနိုင်ငံ၊ အဇာဘိုင် ဂျန်နိုင်ငံ၊ ကင်ညာနိုင်ငံ၊ ကိုလမ်ဘီယာနိုင်ငံ၊ ဂရိနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အာမေးနီးယား နိုင်ငံ၊ ဘရာဇီးလ်နိုင်ငံ၊ အင်္ဂလန်နိုင်ငံ၊ အစ္စရေးနိုင်ငံနှင့် ရိုမေးနီးယားနိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်ပညာရှင်များက အဂတိလိုက်စားမှု ကျူးလွန်ရာမှရရှိသည့် ပစ္စည်းများကို သိမ်းယူခြင်းဆောင်ရွက်ရာတွင် တရားမကြောင်းအရ ဆောင်ရွက်ခြင်း နှင့် စီမံခန့်ခွဲမှုဆိုင်ရာ နည်းလမ်းများဖြင့် အရေးယူဆောင်ရွက်ခြင်းတို့၌ ကြုံတွေ့ရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ ကွဲပြားခြားနားသည့် လက်တွေ့ဆောင်ရွက်ချက်များ၊ အတွေ့အကြုံများနှင့် ချဉ်းကပ် နည်းလမ်းများ၊ ကွာဟချက်များ၊ ပိတ်ဆို့အရေးယူမှုများ၊ ဥပဒေရေးရာ ကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အပြန်အလှန် အကူအညီပေးရေး၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ပိုင်ဆိုင်မှုပစ္စည်းများ ပြန်လည်ရယူရေးနှင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် အသိပညာပေး ဆောင်ရွက်နေသည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးစွာ ဆွေးနွေးကြ သည်။
မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် UNCAC အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် ပါဝင်ခဲ့သည့် အချိန်မှစတင်၍ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများတွင် အပြည့်အဝပါဝင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ကတိကဝတ်များအတိုင်း ပါဝင်ထည့်သွင်းရမည့် Knowledge ၊ Experienceနှင့် Best Practice များကိုထည့်သွင်းရင်း အဖွဲ့ဝင်တစ်နိုင်ငံအဖြစ် တက်ကြွစွာပါဝင်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)