အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချ

နေပြည်တော်  မတ် ၃၁

 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဖွဲ့စည်းထားရှိသည့် အဂတိလိုက်စားမှုတားဆီးကာ ကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU) ကို Online စနစ်ဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချခြင်းကို ယနေ့နံနက်ပိုင်းတွင် ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

သင်တန်းတွင် ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်က အဂတိလိုက်စားမှုတိုက်ဖျက် ရေးလုပ်ငန်းသည် ကော်မရှင်တစ်ခုတည်းဖြင့် ဆောင်ရွက်၍မရဘဲ ကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်မှသာ ပိုမိုထိရောက်အောင်မြင် နိုင်မည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူဆောင်ရွက်ရပါက နိုင်ငံတော်အနေဖြင့် လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးစေကြောင်း၊ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများတွင် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ် (Public Feedback Programme-PFP) အသုံးပြုခြင်းဖြင့် အများပြည်သူ၏ အကြံပြုချက်များရယူ၍ အားနည်းချက်များ ပြုပြင်သွားပါက ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ် ပေါ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက CPU ၏ လုပ်ငန်းတာဝန်များ၊ တည်မြဲလုပ်ထုံး လုပ်နည်း (Standing Operating Procedure-SOP) လုပ်ငန်း လမ်းညွှန် (Terms of Reference-TOR) ရေးဆွဲခြင်း၊ အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှုဆန်းစစ် လေ့လာခြင်း (Corruption Risk Assessment-CRA) အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ် (Public Feedback Programme-PFP) တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး PFP အသုံးပြု ဆောင်ရွက်နိုင်ရေး လက်တွေ့လေ့ကျင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)