နေပြည်တော် ၃ အောက်တိုဘာ

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် UNDP မှ ဌာနေကိုယ်စားလှယ် Mr. Peter Batchelor အား ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

 

2

 

Mr. Peter Batchelor သည် မြန်မာနိုင်ငံတွင် တာဝန်ပြီးဆုံး၍ နယူးယောက်သို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခြင်းမပြုမီ ကော်မရှင်ဥက္ကဋ္ဌအား လာရောက်နှုတ်ဆက်ခြင်းဖြစ်ပြီး ကော်မရှင်နှင့် UNDP တို့အကြား ပူးပေါင်းဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအပေါ် တိုးတက်မှုအခြေအနေများ၊ သုတေသနလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်းနှင့် ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းတို့ တက်ရောက်ခဲ့ကြကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သိရသည်။

 

MDN

ဓာတ်ပုံ- ACC Myanmar