နေပြည်တော်  ၇  ဇန်နဝါရီ 


မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်သည်  USAID Promoting Rule of  Law in Myanmar (PRLM) မှ Chief of Party, Mr. Robert La Mont နှင့်အဖွဲ့အား ယနေ့ နံနက်၁၀ နာရီတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။


ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အနေဖြင့် ၂၀၁၉ ခုနှစ် Action Planအရ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ Corruption Perception Survey ကောက်ယူမည့် အစီအစဉ်များ၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင်အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးခွဲများ ဖွင့်လှစ်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး Mr. Robert La Mont ကလည်း ကော်မရှင်အတွက် လိုအပ်သည့်ရုံးသုံးပစ္စည်းကိရိယာများ၊ နည်းပညာဆိုင်ရာ အကူအ ညီများ၊ Survey ဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ဆွေးနွေးခဲ့သည်။


တွေ့ဆုံပွဲသို့ ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်း၊ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသော ဒေါ်မြတ်မြတ်စိုး၊ဒေါ်လဲ့လဲ့သွင်နှင့်  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။ 


(သတင်းစဉ်)