ရန်ကုန်  ၁၀   ဇွန်

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ဝေသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ရည်ညွှန်းစာစောင်၊ စာအုပ်စာ တမ်းများကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ လှူဒါန်းပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ လှိုင်မြို့နယ် ပြည်လမ်းရှိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံး၌ ကျင်းပသည်။

 

လှူဒါန်းပွဲသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာသန်းမြင့်၊ ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်နှင့် ရုံးဝန်ထမ်းများတက်ရောက်ကြသည်။

 

လှူဒါန်းပေးအပ်ပွဲတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး အဂတိလိုက် စားမှုတိုက်ဖျက်ရေး ကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက ရည်ညွှန်းစာစောင်စာအုပ် စာတမ်းများ ပေးအပ်ရသည့် ရည်ရွယ်ချက် ကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ဝေသည့် စာအုပ် စာတမ်းများကို လွှဲပြောင်းပေးအပ်သည်။ ဆက်လက်ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်ကထုတ်ဝေသည့် လူ့အခွင့်အရေးဆိုင်ရာ စာအုပ်စာတမ်းများကို ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်က ပြန်လည်ပေးအပ်ပြီး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်၍ ကျေးဇူးတင်စကား ပြောကြားသည်။

 

သတင်းစဉ်