နေပြည်တော် မတ် ၂၉
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုကို တွန်းလှန် တိုက်ဖျက် ရာတွင်အဓိကကျသည့် ဖြောင့်မတ်တည်ကြည်မှုရှိသည့် အသိုက်အဝန်း တည်ဆောက်ရန်အတွက် ဆရာ၊ ဆရာမများ မွမ်းမံသင်တန်းများတွင် အသိပညာပေးအစီအစဉ် ဆောင်ရွက်လျက်ရှိသည်။
ထို့သို့ဆောင်ရွက်ရာ ကော်မရှင်အဖွဲ့ဝင်များ ကြီးကြပ်လိုက်ပါလျက် ကော်မရှင်(ရုံးခွဲ) များမှ အရာထမ်းများက နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်းတွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့)ရှိ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ အမှတ်(၇)အခြေခံပညာအလယ်တန်းကျောင်းတွင်လည်းကောင်း၊ မော်လမြိုင်မြို့ရှိ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့တွင်လည်းကောင်း အသိပညာပေးဆွေးနွေးရာ ဆရာ၊ ဆရာမ များ က မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)