နေပြည်တော် ဖေဖော်ဝါရီ ၂၈
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ သတင်းမီဒီယာ အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဦး၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းနည်းပြများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက သတင်းအချက်အလက်များ တင်ပြရာတွင် မီဒီယာကျင့်ဝတ်နှင့်အညီဖြစ်စေရန် အရေးကြီးကြောင်း၊ ကိုဗစ်-၁၉ အကျပ်အတည်း ကာလတွင် Social Media သည် အဓိကကျသည့်အခန်း ကဏ္ဍတစ်ခု ဖြစ်လာကြောင်း၊ သတင်းအချက်အလက်များ၊ ကြေညာချက်များကို ဆိုရှယ်မီဒီယာ၊ Website တို့မှတစ်ဆင့် အများပြည်သူ သိရှိနိုင်စေရန် ထုတ်လွှင့်နေသည့် အချိန်တွင် ကျင့်ဝတ်နှင့်အညီ စနစ်တကျ ရေးသားဖော်ပြနိုင်သည့် မီဒီယာကောင်းများ ဖြစ်လာစေရန် အရေးကြီးပါကြောင်း၊ သင်ကြားခဲ့သည့် အသိပညာရပ်များကို လက်တွေ့နယ်ပယ်တွင် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းသို့ ကော်မရှင်ရုံးမှ အရာထမ်း (၃) ဦး၊ အမှုထမ်း (၁၈) ဦး စုစုပေါင်း သင်တန်းသား (၂၁) ဦး တက်ရောက်ကြပြီး ရက်သတ္တပတ် (၃) ပတ်ကြာ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားရှိသော စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း သတင်းစာပညာ မိတ်ဆက်၊ အွန်လိုင်းသတင်းရေးသားခြင်း၊ ဓာတ်ပုံပညာအခြေခံ၊ သတင်းမှတ်တမ်း ရိုက်ကူးထုတ်လုပ်ခြင်းနှင့် သတင်းတည်းဖြတ်ခြင်း ဘာသာရပ်များကို ဆွေးနွေးပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


