နေပြည်တော် ဖေဖော်ဝါရီ ၁၆
    
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်သည် ကော်မရှင်ရုံးခွဲ(ရန်ကုန်)မှ ဝန်ထမ်းများကို ယနေ့နံနက်ပိုင်းတွင် အဆိုပါရုံးခွဲ အစည်းအဝေး ခန်းမ၌ တွေ့ဆုံပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာများနှင့် အသိပညာပေးလုပ်ငန်း များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

တွေ့ဆုံစဉ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက ဝန်ထမ်းများ တာဝန် ထမ်းဆောင်ရာတွင် ကော်မရှင်မှ ထုတ်ပြန်ထားသော ကျင့်ဝတ် (CODE OF CONDUCT)ကို လိုက်နာစောင့်ထိန်းရန် လိုအပ်ကြောင်း၊ ကျင့်ဝတ်မလိုက်နာမှု၊ စည်းကမ်းဖောက်ဖျက်မှုများ ကြောင့် လူမှုပတ်ဝန်းကျင်အား ဆိုးကျိုးများဖြစ်ပေါ်စေကြောင်း၊ အဂတိလိုက်စားမှု ကြိုတင် ကာကွယ်ရေးအတွက် တစ်နိုင်ငံလုံးရှိ အများပြည်သူများအကြားတွင် အသိပညာပေးခြင်း လုပ်ငန်းများကို ကျယ်ပြန့်စွာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ဝန်ကြီးဌာန ၃၈ ခု၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုတို့တွင် CPU အဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း၊ အခြေခံပညာမူလတန်းအဆင့်မှ တက္ကသိုလ်အဆင့်ထိ ကျောင်းသား/ကျောင်းသူ များအတွက် အဂတိလိုက်စားမှု အသိပညာပေးခြင်းဆိုင်ရာ မူလတန်းအဆင့်၊ အလယ်တန်း အဆင့်၊ အထက်တန်းအဆင့်နှင့် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များကို ပြုစုထားရှိပြီး ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ထားရှိမှုများအား ထိရောက်မှု ရှိ/မရှိ သုံးသပ်ရန်နှင့် အမှန်တကယ် မြေပြင်အခြေအနေနှင့် လျော်ညီအောင် လိုအပ်သည်များကိုလည်း ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း မှာကြားသည်။ 

ထို့ပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌသည် ကော်မရှင်ရုံးခွဲ (ရန်ကုန်)ရှိ ဝန်ထမ်းအိမ်ရာနှင့် ကော်မရှင်ရုံးခွဲတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)