နေပြည်တော် ၁၂  ဇွန် 
    

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်သည် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်ကြီး Ms. Andrea Faulkner အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးဌာန (၁၈)ခုတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့(CPU) ဖွဲ့စည်းဆောင်ရွက်နေမှု၊ ကျောင်းသားလူငယ်များ၏ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး အတွက် မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ပညာပေးအစီအစဉ်များ ဆောင်ရွက်နေမှု၊ ဖြောင့်မတ်တည်ကြည်မှုလူငယ်စခန်းကို နေပြည်တော်တွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့မှု၊ အများပြည်သူ အကျိုးထုတ်ဖော်သတင်းပေးသူများအား အကာအကွယ်ပေးရေးဥပဒေ (မူကြမ်း) ရေးဆွဲဆောင်ရွက် နေမှု အပါအဝင် ကော်မရှင်၏ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။


တွေ့ဆုံပွဲသို့ အတွင်းရေးမှူးဦးစန်းဝင်း၊ ကော်မရှင်အဖွဲ့ဝင်ဦးဇော်ဝင်းနှင့် ဒေါ်မြတ်မြတ်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 


သတင်းစဉ်