ကျိုက်ဒုံ ၁၁ ဖေဖော်ဝါရီ
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်ကျိုက်ဒုံမြို့ ဝက်ဒုံကျေးရွာတွင် ယနေ့နံနက် ၉ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဇော်၊ စိုက်ပျိုးရေးဦးစီးမှူးနှင့် စိုက်ပျိုးရေးဝန်ထမ်းများမှ အီးအမ်ဘိုကာရှီ သဘာဝမြေဆွေး ပုံပြုလုပ် သုံးစွဲနည်းပညာပေးကွင်းသရုပ်ပြပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးဦးမင်းဇော်က အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးမှူး ဒေါ်လှမြင့်က ဓာတုဓာတ်မြေသြဇာများကို အလွန်အကျွံသုံးစွဲခြင်းကြောင့် မြေဆီလွှာပျက်စီးခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးခြင်း၊ ဓာတုဓာတ်ကြွင်းကျန်ခြင်းနှင့် အခြားသော ဘေးထွက်ဆိုးကျိုးများကြောင့် မြေဆီလွှာထိခိုက်မှုများ အကြောင်းကို ရှင်းလင်းပြောကြားသည်။
ထိုကြောင့်လယ်ယာမြေ၊ စိုက်ခင်းများမြေဆီလွှာ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက်ရည်ရွယ်၍ အီးအမ်ဘိုကာရှီသဘာဝမြေဆွေးပုံ ပြုလုပ်သုံးစွဲနည်းများဖြစ်သည့် နှမ်းရိုး၊ နွားချေး၊ အီးအမ်ဖျော်ရည်၊ ဖျော်စပ်သုံးစွဲနည်း၊ ဖွဲနု၊ တင်လဲရည်စသည့် ပစ္စည်းများအသုံးပြု၍ အီးအမ်ဘိုကာရှီသဘာဝမြေဆွေးပုံ ပြုလုပ်သုံးစွဲနည်းပညာပေး ကွင်းသရုပ်ပြပွဲဆောင်ရွက်ပေးခဲ့သည်။
ကွင်းသရုပ်ပြပွဲသို့ မြို့အုပ်ချုပ်ရေးမှူး၊ စိုက်ပျိုးရေးဦးစီးမှူးနှင့်အဖွဲ့များ၊ မြေဦးစီးမှူး၊ (မွေး/ကု)ရုံး တာဝန်ခံ၊ စည်ပင်ဦးစီးမှူး ကျေရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ပြန်/ဆက်)