ဂျီနီဗာ အောက်တိုဘာ ၇
ကမ္ဘာတစ်ဝန်းတွင် အီးစီးကရက်သုံးစွဲမှု မြင့်တက်လာသဖြင့် လူသန်းပေါင်းများစွာ နှစ်စဉ်သေဆုံးနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အီးစီးကရက်သုံးစွဲမှုကြောင့် လူငယ်များတွင် နီကိုတင်းဓာတ်စွဲလန်းသည့် အလေ့အကျင့်ဖြစ်လာရကြောင်းလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးပြောကြားသည်။ ကမ္ဘာ့နိုင်ငံများတွင် ဆေးလိပ်သောက်သုံးသည့် အလေ့အကျင့်ကို လူသန်းပေါင်းများစွာက စွန့်လွှတ်လာကြသော် လည်း အီးစီးကရက် သုံးစွဲသူအရေအတွက် များပြားလာကြောင်းနှင့် ဝင်ငွေမြင့်မားသည့် နိုင်ငံများတွင် အသက် ၁၃ နှစ်မှ ၁၅ နှစ်အရွယ်ရှိ ကလေး ၁၅ သန်းသည် အီးစီးကရက်သုံးစွဲသူများဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသည်။ အီးစီကရက်အပါအဝင် ဆက်စပ်ကုန်ပစ္စည်းထုတ်လုပ် သူများက ၎င်းတို့ထုတ်လုပ်သည့် ကုန်ပစ္စည်းသည် ဘေးအန္တရာယ်ဖြစ်စေသည့် ဓာတုပစ္စည်းများ လျှော့ချထားကြောင်း ဈေးကွက်တွင် ကြော်ငြာရောင်းချကြသော်လည်း လက်တွေ့တွင် သုံးစွဲသူများအား ကျန်းမာရေးထိခိုက်စေသည့် ဆိုးကျိုးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


