အီစတာပွဲတော်နေ့မှာ ခရစ်ယာန်ဘုရားကျောင်းတံခါးတွေ ပိတ်ထားဖို့ ပုပ်ရဟန်းမင်းပြော

၁၀ ဧပြီ

ခရစ်ယာန်ဘာသာဝင်တွေရဲ့ အီစတာပွဲတော်နေ့မှာ လူစုလူဝေးမရှိအောင် ဘုရားကျောင်းတံခါးတွေကို ပိတ်ထားဖို့နဲ့ ဘာတီကန်ရှိ ဘုရားကျောင်းတွေပါ ပိတ်ထားမှာဖြစ်ပါတယ်။

 

ကတ်သရစ်ဘာသာဝင် ၁.၃ ဘီလီယံတွေရဲ့ လာမယ့် တနင်္ဂနွေနေ့ (ဧပြီ ၁၂ နဲ့ ၁၉) မှာ ကျင်းပမယ့် အီစတာပွဲတော်ကို ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားဆီးတဲ့အနေနဲ့ ပွဲတော်အဖြစ် ပုံဖော်တဲ့နည်းနဲ့သာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

 

အလယ်အမေရိကရှိ နိုင်ငံငယ်လေးဖြစ်တဲ့ ပနားမားနိုင်ငံမှာ ဘုန်းတော်ကြီးက ရဟတ်ယာဉ်ပေါ်ကနေ ဆုတောင်းပေးမှာဖြစ်ပြီး  အိမ်ဝရန်တာတွေမှာ ဓမ္မတေးတွေကို ထွက်ဖွင့်ပြီး ဘာသာရေးသီတင်းပတ်ကို ကုန်ဆုံးမှာ ဖြစ်ပါတယ်။

 

ကတ်သရစ်ဘာသာဝင်များတဲ့ ဖိလစ်ပိုင်နိုင်ငံမှာလည်း လက်ဝါးကပ်တိုင်ကို နမ်းခြင်း မပြုလုပ်ရန် ဆော်ဩထားသလို ဂရိနိုင်ငံမှာတော့ အီစတာပွဲတော်ကို တံခါးပိတ်ကျင်းပဖို့ စီစဉ်ထားပါတယ်။ ဂရိ ၁၀ ဦးမှာ ၇ ဦးက အီစတာ သိုးသားကင်ကို ပြုလုပ်လေ့ရှိပေမယ့် အခုနှစ်မှာတော့ ဖြစ်နိုင်မယ်မထင်ဘူးလို့ ဂရိနိုင်ငံသား အသားရောင်းသူက ပြောပါတယ်။

 

ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူပေါင်း ၁,၆၀၀,၀၀၀ သန်းကျော်ရှိလာချိန်မှာ လူတွေက ဗိုင်းရပ်စ်ပိုးကူးစက်ခံ ရမှာကို  ကြောက်ရွံမှုနဲ့ စိုးရိမ်မှုတွေကြောင့် လူမှုနေထိုင်ရေးတွေ ပြောင်းလဲလာသလို ဘာသာရေးတွေပါ ပြောင်းလဲတာကို တွေ့ရပါတယ်။

 

ဘာတီကန်ကို လာရောက်လည်ပတ်သူတွေကို ဝင်ရောက်ခွင့်ကို တစ်လပိတ်ပင်ထားကြောင်း သိရပါတယ်။

MDN
ကိုးကား - AFP