၇ ဖေဖော်ဝါရီ
တူရကီနိုင်ငံ၏ အကြီးဆုံးမြို့တော်ဖြစ်သော အစ္စတန်ဘူလ်တွင် ရှစ်ထပ်အဆောက်အဦတစ်လုံး ပြိုကျမှုဖြစ်ပွားရာ လူနှစ်ဦးသေဆုံးခဲ့သည်။ အပျက်အစီးများအောက်တွင် ပိတ်မိနေသည်ဟုယုံကြည်ရသော ဒေသခံများကို ကယ်ဆယ်ရန် ချမ်းအေးသောကာလအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ပြုလုပ်လျက်ရှိသည်။

အဆိုပါ အဖြစ်အပျက်မှာ ယမန်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆောက်အဦ ရုတ်တရက်ပြိုကျလာပြီးနောက် အပျက်အစီးများမှ အဖြူရောင်အမှုန့်များထွက်လာကာ လူများ မှာ ထိုနေရာမှထွက်ပြေးနေရသည်ကို လုံခြုံရေးကင်မရာ ဗွီဒီယိုဖိုင်က ပြသနေသည်။
လူခြောက်ဦး ဒဏ်ရာရရှိခဲ့ပြီး အခြားသူများမှာ အပျက်အစီးများအောက်ရောက်ရှိနေပြီး ကယ်ဆယ်ရန်အတွက် အကူအညီတောင်းခံလျက်ရှိကြောင်း အစ္စတန်ဘူလ်မြို့တော်မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အဆိုပါ အဆောက်အဦတွင် အိမ်ထောင်စု ၁၄ စုမှ မိသားစုဝင် ၄၃ဦး နေထိုင်လျက်ရှိသည်ဟု မှတ်ပုံတင်ထား ကြောင်း မြို့တော်အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။

အဆောက်အအုံပြိုကျချိန်တွင် ထိုနေရာ၌ လူမည်မျှရှိသည်မှာ ရှင်းရှင်းလင်းလင်းမသိရသေးပေ။ ထိုအ ဆောက်အအုံအတွင်း စက်ရုံငယ်တစ်ခု လည်ပတ်လျက်ရှိသည်ဆိုသော သတင်းတစ်ရပ်လည်း ထွက်ပေါ်လျက် ရှိသည်။
ပြိုကျခြင်းအကြောင်းအရင်းကို ယခုတိုင်သေချာမသိသေးကြောင်း မြို့တော်တာဝန်ရှိသူများက ပြောသည်။ အဆိုပါ အဆောက်အဦသည် မူလက ငါးထပ်ဆောက်လုပ်ထားပြီး သုံးထပ်မှာ တရားမဝင် အပို ဆောက်လုပ်ခြင်းဖြစ်သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်