၆ မေ
ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း သူပုန်များထိန်းချုပ်ထားရာ အီဒလစ်နှင့် အခြားပြည်နယ်များတွင် အစိုးရတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ လူပေါင်း ဒါဇင်နှင့်ချီပြီး သေဆုံးခဲ့သည်။

သမ္မတ ဘာဆာအာဆက်ဦးဆောင်သော အစိုးရက ပြီးခဲ့သည့်အင်္ဂါနေ့နောက်ပိုင်း အိုက်ဒလစ်နှင့် အခြားအိမ်နီးချင်းပြည်နယ်ဖြစ်သည့် ဟားမက်ပြည်နယ်ရှိ အစိုးရဆန့်ကျင်ရေး ခြေကုပ်စခန်းများကို ဗုံးကြဲတိုက်ခိုက်မှုများ အရှိန်မြှင့်ခဲ့သည်။

ပြီးခဲ့သော ၅ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် လူပေါင်း ၄၄ဦး သေဆုံးခဲ့ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယား လူအခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်။
ရုရှားစစ်ဘက် ဂျက်လေယာဉ်များလည်း လေကြောင်းတိုက်ခိုက်မှုများတွင် ပါဝင်ခဲ့သည်။ ရုရှားနိုင်ငံက အာဆတ်အစိုးရကို ထောက်ခံသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ရုရှားနှင့်တူရကီတို့သည့် အိုက်ဒလစ်ပြည်နယ်နှင့် အခြားအနီးအနားရှိနယ် မြေများအတွင်း စစ်မဲ့ဇုန်တစ်ခုတည်ဆောက်ရန် သဘောတူညီခဲ့သည်။
အယ်လ်ကိုင်းဒါအဖွဲ့နှင့် ဆက်နွှယ်သည့် အစွန်းရောက်အဖွဲ့တစ်ဖွဲ့က သဘောတူညီချက်ကို ချိုးဖောက်သောကြောင့် လက်တုံ့ပြန်ရန်အတွက် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု အာဆတ်အစိုးရက နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် ကြေညာခဲ့သည်။
နိုင်ငံအတွင်းရှိ သောင်းကျန်းသူများ၊ အရပ်သားများအပေါ် တိုက်ခိုက်လာနိုင်မှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိနေစဉ် ဆီးရီးယားအစိုးရသည် တနင်္ဂနွေနေ့က လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်