နေပြည်တော် ၆ ဩဂုတ်

၁၃၈၁ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက် (၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်) တနင်္လာနေ့သည် အီဒုလ်အဿွဟာ(ကုရ်ဘာနီအီးဒ်)နေ့ဖြစ်သည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ ရုံးများ၏ ပိတ်ရက်အဖြစ် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေပုဒ်မ ၂၅ အရ အများပြည်သူတို့၏ အလုပ်ပိတ်ရက်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၉)ဖြင့် ကြေညာထားသည်။

MDN