ဇူလိုင် ၁၆
အီဂျစ်နိုင်ငံမြောက်ပိုင်းအလက်ဇန်ဒရီရာနှင့် ဘီဟီရာဒေသတို့တွင် ယမန်နေ့က အဆောက်အအုံများ ပြိုကျမှုဖြစ်ပွားခဲ့သဖြင့် ငါးဦးသေဆုံးပြီး အခြား ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမ်အီးအင်န်အေသတင်းအေဂျင်စီက ပြောကြားသည်။
ဘီဟီရာဒေသတွင် ရက်ရှစ်မြို့တွင် ရှစ်ထပ်အဆောက်အအုံတစ်လုံးပြိုကျမှုဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံးပြီး အခြားကိုးဦးဒဏ်ရာ ရရှိခဲ့သည်။
အဆိုပါပြိုကျအဆောက်အအုံအပျက်အစီးများအောက်ရှိ ပျောက်ဆုံးနေသူများအား ရှာဖွေကယ်ဆယ်သည့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု ထိုသတင်းအေဂျင်စီကဆိုသည်။
အလားတူ အလက်ဇန်ဒရီရာဒေသတွင် လူနေအိမ်တစ်လုံး၏လသာဆောင်နှစ်ခုပြိုကျခဲ့ရာ သုံးဦးသေဆုံးပြီး အခြားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ထိုမတော်တဆဖြစ်ပွားမှုများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုစတင်လုပ်ဆောင်နေသည်ဟု သိရသည်။
ပြီးခဲ့သည့်ဇွန်လက အလက်ဇန်ဒရီရာဒေသတွင် ၁၃ ထပ်အဆောက်အအုံပြိုကျမှုကြောင့် ၁၀ ဦးသေဆုံးခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို