ဇူလိုင် ၂၈

အီဂျစ်နိုင်ငံတောင်ပိုင်းကီနာ ပြည်နယ်ရှိ မိလ္လာသန့်စင်ရေးစခန်းတစ်ခုတွင် ကလိုရင်းဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် အနည်းဆုံး အမျိုးသမီးတစ်ဦး သေဆုံးပြီး ၈၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ယမန်နေ့ကပြောကြားသည်။

 

ထိုပြည်နယ်အလယ်ပိုင်းဒေသရှိ သောက်ရေသန့်နှင့် သန့်ရှင်းရေးကုမ္ပဏီတစ်ခု၏ စက်ပိုင်းဆိုင်ရာ အလုပ်ရုံတစ်ခုတွင် ယင်းသို့ယိုစိမ့်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ထိုကုမ္ပဏီမှ ပြုပြင်ထိန်းသိမ်းရေးအဖွဲ့တစ်ဖွဲ့က ဓာတ်ငွေ့ယိုစိမ့်မှုကို ထိန်းချုပ်ရန် စီမံဆောင်ရွက်ခဲ့သည်။

ဒဏ်ရာရသူများကို ဆေးရုံအသီးသီးသို့ ပို့ဆောင်ပေးခဲ့ရာ ယင်းဒဏ်ရာရသူများသည် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကုသမှုခံယူခဲ့ရသည်ဟု သိရသည်။ ၎င်းတို့အားလုံး အခြေအနေစိုးရိမ်ရမှုမရှိကြောင်း ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို