နေပြည်တော် ၂၂  ဇန်နဝါရီ 


အီဂျစ်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေအသင်းနှင့် အီဂျစ် Animation ရုပ်ရှင် အသင်း အဖွဲ့တို့ ပူးပေါင်း၍ 12th Cairo International Animation Forum ကို ဖေဖော်ဝါရီ ၂၁ ရက် မှ ၂၈ ရက်အထိ အီဂျစ်နိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ Animation ပညာရှင်များအနေဖြင့် မိမိတို့၏ Animation လက်ရာများကို ပါဝင်ပြသနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်နိုင်ငံသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။


အဆိုပါ 12th Cairo International Animation Forum တွင် နိုင်ငံအသီးသီးမှ Animation ထုတ်လုပ်သူများနှင့် တွေ့ဆုံခွင့်ရရှိမည်ဖြစ်ပြီး ပါဝင်ပြသသည့် Animation လက်ရာကောင်းများကိုလည်း ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


ပါဝင်ယှဉ်ပြိုင်လိုသည့် Animation ပညာရှင်များအနေဖြင့် ပါဝင်ပြသနိုင်ရန် ဖြည့်စွက်ပေးပို့ရမည့် လျှောက်လွှာပုံစံများကို www.cdf.gov.eg/rsom1 တွင် ရယူ၍ လျှောက်ထားနိုင်ကြောင်း သိရသည်။ 


မောင်မောင်မျိုး