ကိုင်ရို ဒီဇင်ဘာ ၁၆
အီဂျစ်နိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲမှု မြှင့်တင်သည့်အနေဖြင့် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ရုံကို နိုင်ငံတောင်ပိုင်း အက်ဝမ်ဒေသတွင် ဝန်ကြီး ချုပ် မူစတာဖာ မတ်ဗော်လီက ဒီဇင်ဘာ ၁၄ ရက်တွင် ဖွင့်လှစ်ခဲ့ ကြောင်း ယနေ့ဆင်ဟွာသတင်း တွင် ဖော်ပြသည်။
၎င်းစက်ရုံ ဖွင့်လှစ်ခဲ့ခြင်းသည် နိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြုမှု မြှင့်တင်ခြင်းဆိုင်ရာ အရေးကြီးသည့် ခြေလှမ်းဖြစ်ပြီး နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြော ကြားသည်။ ယခုကဲ့သို့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖွင့်လှစ်ခဲ့ခြင်းဖြင့် အာရပ်နိုင်ငံများနှင့် ပြည်ပနိုင်ငံများအား အီဂျစ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အရေး တစ်ရပ်ဖြစ်ကြောင်း တာဝန်ရှိသူ များက ပြောကြားသည်။
တန် ၇၆၀ အထိ လျှော့ချနိုင်
ယင်းစက်ရုံသည် အိမ်ခြေ ၂၅၆၀၀၀ ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမည်ဖြစ်ပြီး တစ်နှစ်လျှင် ကာဗွန်ထုတ်လွှတ်မှုကို တန် ၇၆၀ အထိ လျှော့ချနိုင်မည်ဟု သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ