ကိုင်ရို ဒီဇင်ဘာ ၁၉
အီဂျစ်နိုင်ငံ၏ လက်ရှိသမ္မတ အယ်လ်စီစီသည် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် တရားဝင် ဆန္ဒမဲ ၈၉ ဒသမ ၆ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ကြောင်း အီဂျစ် အမျိုးသားရွေးကောက်ပွဲ အာဏာပိုင် အဖွဲ့က ဒီဇင်ဘာ ၁၈ ရက်တွင် ကြေညာခဲ့သည်။
၆၆ ဒသမ ၈ ရာခိုင်နှုန်းအထိ အနိုင်ရရှိခဲ့
ကိုင်ရိုမြို့တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အီဂျစ်အမျိုးသား ရွေးကောက်ပွဲ အာဏာပိုင်အဖွဲ့က မဲပေးသူစုစုပေါင်း ၆၇ သန်း၏ ၆၆ ဒသမ ၈ ရာခိုင်နှုန်းအထိ အနိုင်ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
အီဂျစ်နိုင်ငံတွင် သမ္မတရွေးကောက်ပွဲအတွက် မဲပေးခြင်းကို ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၁၂၁ တွင်ရောက်ရှိနေသည့် အီဂျစ်နိုင်ငံသားများက ဒီဇင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ မဲပေးခဲ့ကြကြောင်း သိရသည်။
အီဂျစ်နိုင်ငံ၏ သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း လေးဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ ပြီး အဆိုပါ ကိုယ်စားလှယ်လောင်းလေးဦးမှာ အယ်လ်စီစီ၊ ဆိုရှယ်ဒီမိုကရက်တစ်ပါတီမှ ဖာရစ်ဇာ ရန်၊ အယ်လ်ဝက်ဒ်ပါတီမှ အဗ္ဗဒယ်ဆာနက် ယာမာမာနှင့် ပြည်သူ့ရီပက်ဘလီကန်ပါတီမှ ဟာဇမ် အိုမာတို့ ဖြစ်ကြောင်းသိရသည်။
ကိုးကား - ဆင်ဟွာ၊
ဘာသာပြန် - အလင်းသစ်