၂၉ မေ

အီဂျစ်နိုင်ငံမြို့တော် ကိုင်ရိုအပြင်ဘက် ဂီဇာပိရမစ်များအနီးတွင် ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ လာရောက်ရာနေရာတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားရာ လူ ၉ ဦး ဒဏ်ရာရရှိခဲ့သည်။

 

33

 

ဂျပန်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ထားသည့် ပြတိုက်သစ်တစ်ခု၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်အနီးတွင် အဆိုပါ ကမ္ဘာလှည့်ဘတ်စ်ကား မောင်းနှင်နေချိန်တွင် တနင်္ဂနွေနေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဘတ်စ်ကား၏ ညာဖက်ခြမ်းတွင်ရှိသည့် ကွန်ကရစ်နံရံများ အစိတ်စိတ်အမြွာမြွာ ပျက်စီးသွားပုံများကို ပေါက်ကွဲမှုဖြစ်ပွားရာနေရာမှ ဗွီဒီယိုင်ဖိုင်နှင့် ဓာတ်ပုံများက ပြသသည်။

မည်သူ တစ်ဦးတစ်ယောက်၏ လက်ချက်မှန်း ယခုတိုင် မသိရသေးပေ။

အဆိုပါ ဘတ်စ်ကားပေါ်တွင်လိုက်ပါလာသည့်  တောင်အာဖရိက ကမ္ဘာလှည့်ခရီးသည် ခုနှစ်ဦး ၊ အခြားကား တစ်စင်းမှ အီဂျစ်နိုင်ငံသားနှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးအာဏာပိုင်များက ပြောကြားသည်။

ကမ္ဘာလှည့်ခရီးသွားများ၏ ကားများကို အကြမ်းဖက်သမားများက အဓိကထားတိုက်ခိုက်ခြင်းဖြစ်သည်ဟု အီဂျစ်အာဏာပိုင်များက သံသယဖြစ်လျက်ရှိသည်။ ပိရစ်မစ်အဆောက်အအုံများရှိရာ ဧရိယာသို့  ကမ္ဘာလှည့်ခရီးသွားဘတ်စ်ကားများသည် နေ့စဉ်ဝင်ထွက်သွားလာလျက်ရှိသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း ဂီဇာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ဗီယက်နမ်ခရီးသွား ၃ ဦးနှင့် ဘတ်စ်ကားပေါ်တွင် လိုက်ပါလာသည့် ဧည့်လမ်းညွှန်တစ်ဦးအပါအဝင် သေဆုံးခဲ့သည်။

အာရပ်နွေဦး ဒီမိုကရေစီလှုပ်ရှားမှုအလွန် မငြိမ်မသက်မှုများဖြစ်ပွားချိန်နောက်ပိုင်း သမ္မတ အဒယ်ဖာတာအယ်စီ စီဦးဆောင်သော အစိုးရက လုံခြုံရေးအခြေအနေ တိုးတက်လာစေရန် ကြိုးပမ်းခဲ့သော်လည်း အီဂျစ်နိုင်ငံ၌ ယင်းသို့သော တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသည်။  

ကိုးကား-အန်အိတ်ကေ
ဘာသာပြန်-မေဇော်ထက်