နိုဝင်ဘာ ၄
အီကွေဒေါနိုင်ငံ၏ဆိပ်ကမ်းမြို့ဂါရာကွေးရှိ အကြီးဆုံးထောင်တွင် ယခုသီးပတ်အတွင်း ပြိုင်ဘက်ဂိုဏ်းအဖွဲ့များအကြား ပဋိပက္ခဖြစ်ပွားခဲ့ခြင်းကြောင့် နှစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ယမန်နေ့က ပြောကြားသည်။
ရဲတပ်ဖွဲ့က ထိုနိုင်ငံ၏အကြီးဆုံးအကျဉ်းထောင်မှ အကျဉ်းသား ၁၀၀၂ ဦးအား အခြားအကျဉ်းထောင်များသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက်တွင် နိုဝင်ဘာ ၁ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ ယင်းပဋိပက္ခဆက်လက်ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။
ထိုပဋိပက္ခဖြစ်ပွားမှုကြောင့် စစ်သားသုံးဦး၊ ရဲတပ်ဖွဲ့ဝင်ကိုးဦးနှင့် အကျဉ်းသားခြောက်ဦးအပါအဝင် အခြား ၁၈ ဦးဒဏ်ရာရရှိခဲ့ပြီး အကျဉ်းသားနှစ်ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။
အဆိုပါအကျဉ်းထောင်ပဋိပက္ခဖြစ်ပွားမှုကိုပြန်လည်ထိန်းချုပ်ရန် စစ်သားဦးရေ ၄၇၀၊ ရဲတပ်ဖွဲ့ဝင် ၇၀၀ တို့ဖြင့်ဖျန်ဖြေဆောင်ရွက်ပေးခဲ့သည်ဟု ဂါရာကွေးမြို့အပါအဝင် နယ်မြေရှစ်ခု၏ရဲတပ်ဖွဲ့အကြီးအကဲဖြစ်သူ က ဒေသန္တရမီဒီယာအား ပြောကြားခဲ့သည်။
ထိုပဋိပက္ခဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ကနဦးစုံစမ်းစစ်ဆေးမှုစတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း အစိုးရရှေ့နေရုံးက ၎င်း၏တွစ်တာတွင် ရေးသားထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို