ဧပြီ ၄
အီကွေဒေါနိုင်ငံတောင်ပိုင်းရှိ အကျဉ်းထောင်တစ်ခုတွင် ယမန်နေ့မနက်အစောပိုင်းက ပြင်းထန်သော ဆူပူအုံကြွမှုဖြစ်ပွားခဲ့ရာ လူ ၁၂ ဦး ထက်မနည်းသေဆုံးခဲ့ပြီး အခြား ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အကျဉ်းထောင်အာဏာပိုင်များက ကနဦးသတင်းထုတ်ပြန်ခဲ့သည်။
ထိုဆူပူအုံကြွမှုဖြစ်ပွားသော အကျဉ်းထောင်သည် ဆရန်ကာမြို့ရှိ တူရီအကျဉ်းထောင်ဖြစ်ပြီး နိုင်ငံအတွင်းရှိ အကြီးမားဆုံးအကျဉ်းထောင်များအနက် တစ်ခုဖြစ်သည်။
အစိုးရက အဆိုပါအဓိကရုဏ်းဖြစ်ပွားရာနေရာသို့ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင် ၈၀၀ ကျော်ကို စေလွှတ်ခဲ့သည်။
သက်ဆိုင်ရာအာဏာပိုင်များက ယင်းသို့ဖြစ်ပွားနေစဉ်အတွင်း ဒဏ်ရာရသူ ၁၀ ဦးအပါအဝင် အကျဉ်းသားဦးရေ ၉၀ ကို ဘေးကင်းရာသို့ပြောင်းရွှေ့ပေးခဲ့သည်။
ပြိုင်ဘက်ဂိုဏ်းများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုများကြောင့် မကြာသေးမီနှစ်များအတွင်း အီကွေဒေါအကျဉ်းထောင်များတွင် ဆူပူအုံကြွမှုများပိုမိုဖြစ်ပွားလာကာ ၂၀၂၁ ခုနှစ် စက်တင်ဘာလက အကျဉ်းသား ၁၁၆ ဦးသေဆုံးခဲ့ပြီး အခြားအကျဉ်းသားဦးရေ ၈၀ ဒဏ်ရာရရှိခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို