ဧပြီ ၂၀
အီကွေဒေါနိုင်ငံအလယ်ပိုင်း ချင်ဘိုရာဇိုပြည်နယ်တွင် မတ်လ ၂၆ ရက်ကမြေပြိုမှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၄၃ ဦးအထိ မြင့်တက်လာကြောင်း ရှေ့နေချုပ်ရုံးက ယမန်နေ့က ပြောကြားသည်။
အဆိုပါမြေပြိုမှုကြောင့် ယနေ့အထိ သေဆုံးသူ ၄၃ ဦးရှိလာသည်ဟု သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားကာ အဆောက်အဦများ၊ လမ်းများ ပျက်စီးသွားကြောင်းနှင့် မြေပြိုမှုဖြစ်ပွားရာနေရာမှာပင် သေဆုံးသူ ၄၁ ဦးအလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး နှစ်ဦးမှာ ဆေးရုံတွင် သေဆုံးသွားကြောင်း ဖော်ပြထားသည်။
ထိုမြေပြိုမှုတွင် ၄၅ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး ၄၃ ဦး ဒဏ်ရာရကာ ၃၂ ဦးကိုကယ်ဆယ်နိုင်ခဲ့သည်ဟု ထပ်လောင်း ဖော်ပြထားသည်။
မြေပြိုမှုကြောင့် နေအိမ် ၁၆၃ လုံး ပျက်စီးခဲ့ပြီး လူ ၁၀၃၄ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ မီးသတ်ဌာနနှင့်စစ်ဘက်ဆိုင်ရာတပ်ဖွဲ့ဝင်များသည် အသက်ရှင်ကျန်ရစ်ရန်အလားအလာရှိသူများအတွက် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
မြေဟက်တာ ၂၁၄ အကွာအဝေးရှိသော မြေပြင်လှုပ်ရှားမှုကို တွေ့ရှိပြီးနောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အတွင်းရေးမှူးရုံးက မြေပြိုမှုဆိုင်ရာ သတိပေးချက်အဆင့်ကို အဝါရောင်မှ လိမ္မော်ရောင်အဆင့်အထိ ဧပြီ ၁၀ ရက်နေ့က တိုးမြှင့်ခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို