အောက်တိုဘာ ၁၃
အီကွေဒေါနိုင်ငံတွင် ယမန်နေ့က မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၄၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း မျောက်ကျောက်ရောဂါကူးစက်ခံရသူပေါင်း ၁၈၅ ဦး ရှိလာကြောင်း သိရသည်။
အဆိုပါရောဂါကူးစက်ခံရသူ ၁၈၅ ဦးအနက် ၆၇ ဦးသည် ဆေးရုံမှဆင်းခွင့်ရရှိပြီးဖြစ်ကြောင်းနှင့် ထိုရောဂါကူးစက်ခံရသူများနှင့်ထိတွေ့မှုရှိသူ ၃၀၈ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မျောက်ကျောက်ရောဂါကူးစက်မှုဖြစ်ပွားသော အီကွေဒေါပြည်နယ် ၁၆ ခုအနက် ပီချင်ချာ၊ ဂူရာရတ်နှင့် အာဇူရေပြည်နယ်တို့တွင် ထိုရောဂါကူးစက်မှုအများဆုံးဖြစ်ပြီး ပီချင်ချာတွင် ၆၃ ဦး၊ ဂူရာရတ်တွင် ၆၁ ဦးနှင့် အာဇူရေတွင် ၁၉ ဦး ကူးစက်ခံရသည်။
အနောက်တောင်ပိုင်း ဂူရာရတ်ပြည်နယ်မြို့တော် ဂူရာကွီလ်မြို့တွင် မျောက်ကျောက်ရောဂါကူးစက်ခံရသူတစ်ဦးကို ဇူလိုင်လ ၆ ရက်က ပထမဆုံးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အီကွေဒေါနိုင်ငံက အတည်ပြုထုတ်ပြန်ထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို