၂၁ ဩဂုတ်

 

 

အီကွေဒေါနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၁၀၅၅၀၈ ဦး ရှိပြီး သေဆုံးသူ ၆၂၀ဝ ရှိလာကြောင်း အီကွေဒေါ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

 

 

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၁၀၃၃ ဦး ရှိပြီး ထိုရောဂါကူးစက် ခံရမှုကြောင့် ၅၄ ဦး ထပ်မံသေဆုံးခဲ့သည်။

 

 

ပီချင်ချာပြည်နယ်သည် ရောဂါကူးစက်မှု ဖြစ်ပွားရာ ဗဟိုချက်အဖြစ် ဆက်လက်ဖြစ်ပွားနေပြီး ကူးစက်ခံရသူ စုစုပေါင်း ၂၁၈၈၃ ဦး ရှိသည်။

 

 

ဂူရာယက်ပြည်နယ်တွင် ရောဂါကူးစက်ခံရသူ ၁၈၄၀၇ ဦး ရှိသည်။

 

 

ပီချင်ချာဒေသရှိ ကူးစက်မှု အများစုမှာ မြို့တော် ကွီတိုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကူးစက်ခံရသူ ၁၉၇၉၄ ဦး ရှိသည်။

 

 

အဆိုပါ မြို့တော် ကွီတိုတွင် ကူးစက်ခံရမှု ပိုမိုများပြားသော်လည်း ကူးစက်မှု ကပ်ရောဂါဆိုင်ရာ စီမံခန့်ခွဲရေး အရေးပေါ် ကော်မတီအဖွဲ့ (COE) က ပြဇာတ်ရုံများ၊ ရုပ်ရှင်ရုံများနှင့် ဇာတ်ပွဲများကို ၃၀ ရာခိုင်နှုန်းအထိ ပြန်လည် ဖွင့်ခွင့်ပြုထားသည်။

 

 

အားကစား အသင်းများနှင့် အားကစား ကလပ်များ ပြန်လည်ဖွင့်လှစ်ရန် လမ်းညွှန်ချက်များကိုလည်း COE က အတည်ပြုပေးခဲ့သည်။

 

 

စီးပွားရေး လုပ်ငန်းများ ပြန်လည် စတင်ရန် အလို့ငှာ ဖြည်းဖြည်းချင်း ပြန်လည် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အီကွေဒေါ အစိုးရက ဇွန် ၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို