၁၂ ဇွန်
အီကွေဒေါနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် ၃၇၆၈ ဦး အထိ သေဆုံးမှုမြင့်တက်လာပြီး ရောဂါကူးစက်မှုပေါင်း ၄၅၀၈၂ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကပြောကြားခဲ့သည်။
တစ်ရက်အတွင်း ရောဂါကူးစက်ခံရသူ ၆၄၂ ဦး တွေ့ရှိခဲ့ပြီး ယင်းကူးစက်မှုကြောင့် ၄၈ ဦး ထပ်မံသေဆုံးခဲ့ကြောင်း ထိုဝန်ကြီးဌာန၏ နေ့စဉ်ထုတ်ပြန်သော သတင်းအရ သိရသည်။
နိုင်ငံအတွင်း ရောဂါကူးစက်မှုဖြစ်ပွားရာ ဗဟိုချက်ဖြစ်သော ဂူအာရက်ပြည်နယ်တွင် ကူးစက်ခံရသူပေါင်း ၁၄၅၅၉ ဦး ရှိပြီး သေဆုံးသူ ၁၄၇၈ ဦး အထိမြင့်တက်လာသည်။
ပီချင်ချာပြည်နယ်သည် ဒုတိယကူးစက်မှုအများဆုံး ဖြစ်ပွားသော ပြည်နယ်ဖြစ်ပြီး ရောဂါကူးစက်သူ ၄၉၄၆ ဦးနှင့် သေဆုံးသူ ၃၅၈ ဦး ရှိသည်။
မြို့တော်ကွီတိုတွင် စီးပွားရေးဆိုင်ရာထိခိုက်မှုပြင်းထန်ခဲ့သော်လည်း စီးပွားရေးလုပ်ငန်းအချို့ ပြန်လည်စတင်ရန် အဝင်အထွက် ပိတ်ဆို့မှုကို ဖြေလျှော့ပေးခဲ့သည်။
မြို့တော်ကွီတိုတွင် တစ်ရက်အတွင်း ရောဂါကူးစက်ခံရသူ ၄၈ ဦး ရှိပြီး လူ ၁၀ သေဆုံးခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို