ဘုတလင် ၂၉ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော AIIP Project အစီ အစဉ်ဖြင့် မျိုး၊ မြေသြဇာ၊ ပိုးသတ်ဆေး ထုတ်လုပ်ရောင်းချသည့် ပြင်ပအဖွဲ့အစည်းများ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အမှာစကားပြောကြားပြီး မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မာမာဆွေက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ချိုချိုမာက စိုက်ပျိုးရေးဆိုင်ရာ ဝင်ငွေတိုးတက်ရေး စီမံကိန်းသည် (၂၀၁၈-၂၀၁၉) မှ (၂၀၂၄-၂၀၂၅) အထိ (၇)နှစ်ကြာမြင့်မည်ဖြစ်ကြောင်း၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရမည်ဖြစ်ကြောင်း၊ မြေသြဇာဥပဒေ၊ မျိုးစေ့ဥပဒေ၊ ပိုးသတ်ဆေး ဥပဒေများအား နားလည်ရမည် ဖြစ်ကြောင်း၊ ၂၀၂၀ ဇန်နဝါရီလ (၁)ရက်နေ့တွင် တရားမဝင် ဓာတ်မြေသြဇာ၊ မြေသြဇာ၊ ပိုးသတ်ဆေး ရောင်းချဖြန့်ဖြူးသူများအား အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောသည်။
သင်တန်းသို့ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဆေးအရောင်းဆိုင်(၂၂)ဆိုင်မှ ဆိုင်ရှင်များနှင့် တောင်သူ(၅၀)ဦး တက်ရောက်ကာ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်မေရီကျော်၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဦးကိုလေး၊ ခရိုင်မျိုးစေ့ တာဝန်ခံ ဒေါ်နော်သင်းသင်းအေးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ချိုချိုမာတို့က မြေသြဇာ ဥပဒေ၊ မျိုးစေ့ဥပဒေ၊ ပိုးသတ်ဆေးဥပဒေနှင့် မြေသြဇာဥပဒေများအား သင်တန်းပို့ခ ျပေးသွားမည်ဖြစ်ပြီး သင်တန်း ကာလမှာ (၁) ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ဟန်ထွန်း(အင်းဝ)


