အီရန် ယူရေနီယံ သန့်စင်မှု ကန့်သတ်ချက်ထက်ကျော်လွန်ကြောင်း IAEA အတည်ပြု

၁၁ ဇူလိုင်

အီရန်နိုင်ငံ၏ နျူကလီးယားကြီးထွားလာမှုကိစ္စနှင့် ပတ်သက်ပြီးဆွေးနွေးရန် ကုလသမဂ္ဂ အဏုမြူစောင့်ကြည့်လေ့လာရေးအဖွဲ့အစည်း၏ အရေးပေါ်ဘုတ်အဖွဲ့ အစည်းအဝေးတစ်ခု၌ အမေရိကန်နိုင်ငံနှင့် အီရန်နိုင်ငံတို့၏ ကိုယ်စားလှယ်များ ပဋိပက္ခဖြစ်ပွားခဲ့ကြသည်။

 

2

 

ဗီယင်နာမြို့ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ ( IAEA  )ဌာနချုပ်တွင် ယင်းအစည်းအဝေးကို ယမန်နေ့က တံခါးပိတ်ကျင်းပခဲ့ကြသည်။

 

3

 

၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက်အရ ကန့်သတ်ထားသော ယူရေနီယံ သန့်စင်မှုထက်ကျော်လွန် ထုတ်လုပ်နေမှုကို IAEA က အတည်ပြုလိုက်ကြောင်း သံတမန်သတင်းရပ်ကွက်က ဆိုသည်။

အမေရိကန် ဝါရှင်တန် သံအမတ် Jackie Wolcott က နျူကလီးယားသဘောတူညီချက်ကို ချိုးဖောက်ခဲ့သည့်အတွက် အီရန်နိုင်ငံကို ပြစ်တင်ရှုံ့ချပြောဆိုခဲ့သည်။

အီရန်သံအမတ် Kazem Gharib Abadi က အီရန်နိုင်ငံ၏ ယူရေနီယံသန့်စင်မှု လုပ်ဆောင်နေခြင်းကို နျူကလီးယား လက်နက်ထုတ်လုပ်မှုမရှိဟု အာမခံကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

အီရန်နိုင်ငံ၏ နျူးကလီးယားလှုပ်ရှားမှုများကို IAEA က အားလုံးစောင့်ကြည့်နေကြောင်းနှင့် ၎င်းတို့အနေဖြင့် ဖုံးကွယ်ထားခြင်း မရှိကြောင်း Kazem Gharib Abadi က ပြောကြားခဲ့သည်။

၎င်းဘုတ်အဖွဲ့ဝင်များက အီရန်နိုင်ငံ၏ မကြာသေးမီက လုပ်ရပ်များနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သော်လည်း  ရုရှားနှင့် တရုတ်နိုင်ငံ ကိုယ်စားလှယ်များကမူ  အမေရိကန်အစိုးရကို ပြစ်တင်ပြောဆိုခဲ့ကြသည်ဟု သံတမန်သတင်းရပ်ကွက် ကဆိုသည်။

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို