အီရန်အပေါ် ဒဏ်ခတ်အရေးယူမှု အမေရိကန် ထပ်မံချမှတ်

၂၅ ဇွန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ထပ်မံချမှတ်ခဲ့သည်။ ထရန့်က အခြားသော အဆင့်မြင့်အရာရှိများ အပါအဝင် အီရန်ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei ကို ပစ်မှတ်ထားကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အမေရိကန် ထောက်လှမ်းရေး အဝေးထိန်း ဒရုန်းယာဉ်ကို အီရန်က ပစ်ချခဲ့ပြီးနောက် အီရန်အပေါ် နောက်ထပ်ဒဏ်ခတ်အရေးယူမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း နှင့် ယမန်နေ့က ယင်းပိတ်ဆို့အရေးယူမှု မချမှတ်မီ သတင်းထောက်များကို ထရန့်က ပြောကြားခဲ့သည်။

 

mdn

 

အီရန်စစ်ဘက်ဆိုင်ရာ အုပ်ချုပ်သူအရာရှိ ရှစ်ဦး အပေါ်လည်း ဒဏ်ခတ်အရေးယူမှုများ ချမှတ်နေကြောင်း အမေရိကန် ဘဏ္ဍာရေးဌာနက ပြောကြားခဲ့သည်။

အီရန် (သို့မဟုတ်) အခြားမည်သည့် နိုင်ငံများနှင့် မဆို ပဋိပက္ခဖြစ်ဖို့ ဆန္ဒမရှိပါကြောင်း၊ ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းသည့်နေ့သို့ရောက်ရှိရန် မျှော်လင့်ပြီး အီရန်နိုင်ငံသည် ငြိမ်းချမ်းပြီး ကြီးပွားချမ်းသာသော နိုင်ငံဖြစ်လာမည်ဟု ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။

သို့သော်ငြားလည်း အမေရိကန် လုပ်ရပ်များ နှင့် သဘောထားတင်းမာမှုများ ပိုပြီးပြင်းထန်လာလျှင် အီရန်က ပြန်လည်တုံ့ပြန်မှုသည်လည်း အလွန်ပြင်းထန်လာ နိုင်ဖွယ်ရှိသည်။

ကိုးကား - အန်အိတ်ချ်ကေ       
ဘာသာပြန် - မြင့်မြင့်ချို

 

mdn